🍀45.Clover

2.8K 356 29
                                    

Unicode

တစ်ပတ်လောက်ရှိနေပြီ။ အခုချိန်ထိ ဆွန်းဟာ သူ့ကို ညီ့ဆီလိုက်မပို့သေး။ သူလိုက်ပို့တာကို မစောင့်နိုင်လို့ ကိုယ့်ဘာကိုသွားမယ်ဆိုလည်း မဟုတ်။ ခွင့်မပြုချေ။

ဆွန်းကိုအာဏာတွေ လွှဲထားတာ ဂိုဏ်းအပေါ်မှာပဲလေ သူ့အပေါ်မှာမှ မသက်ရောက်တာ။ ဒါကို ဟိုမသွားနဲ့ ဒီမသွားနဲ့ လိုက်လုပ်နေသည့် ဆွန်းကို ဒေါသထွက်လာသည်။

ပြောနေရင်းနှင့်ကို ဒေါသက ထွက်လာရသည်မို့ ဘေးနားက ကုတ်အင်္ကျီတစ်ထည်ကို ကောက်ယူလိုက်ရင်း လူနာခန်းအပြင်ကို ထွက်လိုက်သည်။

' ဘာအလိုရှိလို့လဲ Boss '

ဟာဝီက အခန်းပြင်မှာ ထိုင်စောင့်နေကတည်းက ဆွန်းထားသွားမှန်း သူသိလိုက်သည်။ သက်ပြင်းတစ်ချက် ချလိုက်ရင်း ကုတ်အင်္ကျီကို ဝတ်လိုက်သည်။

' ငါ့ကိုအပြင်လိုက်ပို့.. '

' ဗျာ။ ဟိုအကိုဆွန်းလာမှသွားလို့မရဘူးလား။ '

' ငါကဘာလို့လဲ။ ငါကဘာကိစ္စနဲ့သူလိုက်အပို့ကိုစောင့်နေမှာလဲ။ '

ခပ်မာမာအသံနဲ့ ပြောလိုက်တော့ နဂိုထဲက ယူဆော့ဆို နာမည်ကြားတာနဲ့ တုန်နေအောင် ကြောက်သည့် ဟာဝီ မတတ်နိုင်တော့..

သို့သော် ဟာဝီ ဆွန်းကိုလည်း ကြောက်သည်။ လက်ရှိခေါင်းဆောင်းက ဆွန်းမဟုတ်လား။ တစ်ခုခုဆို ခေါင်းပြတ်မှာက ဟာဝီပင်။

ဒုတိယတစ်ကြိမ် အားမွေးရင်း တားမိတော့ သူ့ကိုတိုက်ကာ ဆေးရုံအပြင်ကို ထွက်သွားသည့် ယူဆော့။ သူ့အိတ်ကပ်ထဲက ကားသော့ကို ဖြတ်ခနဲ ယူသွားသည့် ယူဆော့ကို တားဖို့လုပ်တော့ အကြည့်စူးစူးဖြင့် တစ်ခွန်းသာပြောသည်။

ဆက်တားမယ်ဆိုရင် မင်းကိုဆွန်းနဲ့တိုင်ပစ်မယ်တဲ့လေ..

ပြောစရာ ပျောက်ရှသွားသည့် ဟာဝီဟာ ကားပါကင်မှာသာ ရပ်ကျန်နေခဲ့တော့သည်။ အလုပ်ဖြုတ်ပစ်မယ်လည်း မဟုတ်သလို မင်းအသက်ပျောက်သွားမယ်လည်း မဟုတ်။ ဒီတိုင်း ဆွန်းနဲ့တိုင်ပစ်မယ်ဆိုတဲ့ စကားကိုပင် ဟာဝီပြန်ကြားယောင်ရင်း ရယ်ရမလို ငိုရမလို..

CLOVER - Volume 2 {Completed}Where stories live. Discover now