🍀40.Clover

2.8K 355 118
                                    

Unicode

' ထယ်ဟျောင်းရေ ညီလေးရေ.. '

အခန်းတံခါးခေါက်သံကြောင့် သူဖွင့်လိုက်တော့ တည်းခိုခန်းပိုင်ရှင် လက်ထဲမှာလည်း စက္ကူဘူးလေးနဲ့မို့ LV ပို့လိုက်တဲ့ ပစ္စည်းမှန်း သူသိလိုက်သည်။

' ကျနော်မှာထားတာလေး ကျေးဇူးပါအကို.. '

သူအကို့လက်ထဲက ဘူးလေးကို ယူကာပင် အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ အနည်းငယ် ကျန်နေသည့် ရေမွှေးပုလင်းကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

ဒါမရှိရင် ငါသေမှာလား..?

စက္ကူဘူးလေးကို ဖောက်လိုက်ကြည့်လိုက်တော့ Candle လေးတစ်ခု။ ရနံ့လေးကလည်း မွှေးနေတာကြောင့် သူသဘောကျစွာပင် မီးခြစ်ကိုယူကာဖြင့် အဖြူရောင် မီးစာလေးကို ညှိလိုက်သည်။ စားပွဲထောင့်နားလေးကို ထားလိုက်သည်။

နောက်လင်းလာသည့် ဖုန်းကြောင့်ကြည့်လိုက်တော့ သူဖတ်နေတဲ့ ကာတွန်းရဲ့အပိုင်းသစ် Update..

ပြုံးလိုက်ရင်းနှင့်ပင် သူကုတင်ပေါ် ခုန်တက်လိုက်သည်။ စိတ်ညစ်နေတဲ့ အချိန်မှာ ဟာသကာတွန်းလေးတွေက သူ့အတွက် အကောင်းဆုံးအဖော်ပဲ။

တခ်ခ် ရယ်နေသည့် ထယ်ဟျောင်း။ သိပ်မကြာ မှေးစင်းလို့လာသည့် သူ့မျက်တောင်လေးတွေ။ လုံးဝ မှိတ်ကျသွားတော့ သူကအိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိလျက်။

မှောင်မဲနေတဲ့ အမြန်လမ်းမကြီးကို မြင်နေရတယ်။ ဖြောင်းဖြူးနေတဲ့ လမ်းမကြီးမှာ ကန့်လန့်ဖြတ် အနေအထားနဲ့ ရပ်ထားသည့် ကားတစ်စင်း။

ဝေဝါးနေသည့် အမြင်အာရုံတွေကို ပြတ်သားစေရန် တစ်လှမ်းချင်း ထိုနေရာလေးကို လျှောက်လှမ်းသွားတော့ ကားပေါ်မှ ယိုင်နဲ့စွာပင် ဆင်းလာသည့် လူတစ်ဦး။

' ဟို... အဆင်ပြေရဲ့လား.. '

လမ်းမပေါ်လဲကျသွားသည့် ထိုလူ့အနားကို ထယ်ဟျောင်း ပြေးသွားမိတော့ နားထင်နားမှ စီးကျလာသည့် သွေးနီနီတွေနဲ့ သူ့နှလုံးသားက မှတ်မိနေသူ..

' ထယ်။ '

ခပ်တိုးတိုး ခေါ်သံကိုတောင် ပြန်မထူးလိုက်နိုင် မျက်လုံးတွေ မှိတ်ကျသွားသည့် သူ။

CLOVER - Volume 2 {Completed}Where stories live. Discover now