🍀28.Clover

2.9K 392 39
                                    

Unicode

ပင်ပန်းမှုတွေ ပြေပျောက်သွားတော့ ဂျွန်ဟာ အသာပြုံးလိုက်ရင်း ထယ့်ပါးလေးကို နမ်းလိုက်သည်။

' လာ။ စားလို့ရပြီ။ '

လက်ကောက်ဝတ်လေးတွေမှ အသာလေး ဆွဲခေါ်လာတော့ ငြိမ်ငြိမ်လေးပင် နောက်ကလိုက်လို့လာသည်။

' မင်းအကြိုက် လုပ်ပေးထားတယ်။ ဒီနေ့တစ်နေ့တော့ မင်းစားချင်သလောက် စားလို့ရတယ်။ ပြီးရင်တော့ ဆေးသောက်ရမှာနော် ထယ်။ '

သူ့ကိုမကြည့် ဇွန်းနဲ့ရေကို အဆင်သင့်ပြင်ပေးနေတဲ့ ဂျွန့်မျက်နှာလေးကို ကြည့်ရင်း ရင်ထဲက နာကျင်လာသည်။

ဝေ့ဝဲလာတဲ့ အမြင်အာရုံတွေကို မျက်ရည်တွေကြောင့်လို့ သူမမှတ်ယူချင်တော့ဘူး။

ငိုပါများရင် ဂျွန်ကစိတ်ပျက်သွားမှာ..

အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိတော့ ဂျွန်က သူ့မေးတွေကို ပင့်တင်ကာပင် ငေးလို့ကြည့်သည်။

အကြောင်းပြချက်ကို မသိရပါ။ သို့သော် သူ့နာကျင်နေရတာဟာ ကျနော့်ကြောင့်တဲ့...

မသိစိတ်ဆိုတာ အမှတ်အတေးရယ်လို့သိပ်ကြီးတာ..

ဘာလို့လဲဆိုတဲ့ အမေးကိုတောင် မမေးနိုင်ခဲ့..။

ရှိုက်သံကို ထိန်းနေတဲ့ သူ့မျက်နှာလေးက ကျနော့်မျက်စိရှေ့မှာ..

မင်းမကြိုက်ရင် ငါမမေးပါဘူး။ ဒါပေမဲ့ အရမ်းကြီးတော့ မငိုပါနဲ့လား ထယ်။
မင်းငိုရင် ငါ့ရင်ထဲက မွမ်းကြပ်လာတယ်။

ကျလာသမျှ မျက်ရည်တွေကို တစ်ရှူးဖြင့် သုတ်ပေးနေသည့် ကောင်လေးနဲ့ ငုတ်တုတ်ထိုင်ကာပင် ငိုကြွေးနေသည့် ကောင်လေး။

ထာဝရအတွက် ခွင့်လွှတ်ထားပါတယ်ဆိုတဲ့ မင်းအပေါ်မှာ ဒါလေးကိုတောင် ခွင့်လွှတ်မပေးနိုင်တဲ့ ငါကဆိုးတာကို သိပေမယ့် မင်းကိုတော့ သိပ်ချစ်လို့ပါ ဂျွန်..။

ကိုင်ထားသည့် တစ်ရှူးစတွေ..

ပြုံးနေသည့် နှုတ်ခမ်းပါးလေးတွေနောက်မှာ ညိုးနွမ်းနေသည့် အပင်လေးတစ်ပင်။

CLOVER - Volume 2 {Completed}Where stories live. Discover now