🍀35.Clover

2.9K 379 114
                                    

Unicode

' ကိုကို !!! '

ခပ်စူးစူး အသံလေးကြောင့် ကွန်လက်ထဲက ခဲသားလေးဟာ ဒေါက်ခနဲ ကျိုးသွားရ။ မျက်မှန်ဝိုင်းအောက်မှ မျက်ဝန်းတွေက ကျောင်းခန်းရဲ့ တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ အပြာနုရောင် ဝတ်စုံလေးနဲ့ ဒုံဟွာလေးဟာ သူ့ကိုပြုံးပြနေသည်။

ဒီကောင်လေး ရောက်လာပြန်တာလား..

သူပြုံးလိုက်ရင်း ကလေးဆီသွားမယ်လုပ်တော့ အလည်ကနေ ဖြတ်ဝင်သွားသည့် ဆူယော့။

' ဟာ..ချစ်စရာလေးပါလား ကွန်နဲ့သိတာလား '

ဆူယော့က ဒုံဟွာလေး ရှေ့မှာထိုင်ချလိုက်ရင်း စနောက်လို့နေသည်။

' ဟုတ်။ '

သူစိမ်းတွေနဲ့ဆို မျက်လုံးဝိုင်းလေးတွေနဲ့ ဒုံဟွာလေးဟာ ဆူယော့ကို ဟုတ်တစ်လုံးသာ ပြောကာဖြင့် ကွန့်ကိုသာ ကြည့်လို့နေသည်။

' ဒုံဟွာ။ လိုက်ခဲ့ '

ကွန်ဟာ ဒုံဟွာလေး လက်လေးကို ဆုပ်ကိုင်ကာဖြင့် အတန်းထဲက ထွက်လာခဲ့သည်။ ဘတ်စ်ဘောကွင်းနားက ခုံတန်းလေးမှာ ထိုင်လိုက်ရင်း လာရင်းကိစ္စကို မေးလိုက်တော့ သူ့ဘောင်းဘီ အိတ်ကပ်ထဲက ကြိုးကြာရုပ်လေးတွေကို ထုတ်ပြရင်း ကွန့်လက်ထဲကို ထည့်ပေးသည်။

' ကိုကို့အတွက် ခေါက်ထားတာ '

ကွန်သဘောကျစွာပင် ပြုံးရယ်လိုက်တော့ တစ်ဆက်ထဲမှာတင် သူ့ပါးပြင်ကို ထိကပ်လာသည့် ခပ်အိအိ နှုတ်ခမ်းသေးသေးလေး။

ကြည့်လိုက်တော့ ဒီကလေးက သူ့ကိုနမ်းပြန်သည်။

' အဲ့လိုမနမ်းရဘူးလို့ ပြောထားတယ်လေ ! '

' ကိုကိုကအော်တယ် အီးးဟီးး ကိုကိုက ကျနော့်ကိုအော်တယ် '

ဒီကောင်လေးက သူ့ကိုတွေ့တိုင်း ခဏခဏ နမ်းနေတာကြောင့် မှတ်လောက်သားလောက်အောင် လေသံမာမာလေးနဲ့ ပြောလိုက်ပေမယ့် လူလည်ဒုံဟွာလေးဟာ မျက်ရည်မထွက်ပဲ‌ အော်ငိုလို့နေသည်မို့ သူကပဲ ချက်ချင်းချော့ရတော့သည်။

' အဲ့လိုမဟုတ်..တောင်းပန်ပါတယ်ကွာ.. မအော်ဘူးဟုတ်ပြီလား '

CLOVER - Volume 2 {Completed}Where stories live. Discover now