🍀20.Clover

3.1K 400 76
                                    

Unicode

ကားကိုအမြန်ရပ်ကာဖြင့် အိမ်ထဲဝင်လိုက်တော့ မေမေ့ပေါင်ပေါ်မှာ ထိုင်ကာဖြင့် သစ်သီးစားနေသော သားလေး။

' ပေပေလာပြီ။ '

သူ့အဖွားပေါင်ပေါ်က ပြေးဆင်းကာဖြင့် ကျနော့်ပေါင်တစ်ဖက်ကို ကပ်တွယ်လာသည့် သားပိုက်ကောင်လေး။

ဆံပင်နက်နက်လေးတွေကို ဖွလိုက်ရင်း မ,ချီလိုက်ကာ ပါးလေးတွေကို ဖိနမ်းလိုက်သည်။

' ဖေဖေ့သားလေး။ အချစ်ဆုံးလေး ဖေဖေနဲ့ပြန်လိုက်မှာမလား '

' မရဘူးနော်။ မြေးကိုပြန်မထည့်ပေးနိုင်ဘူး '

နှုတ်ခမ်းလေးဆူကာဖြင့် မျက်နှာငယ်လေးနဲ့ ကြည့်လာသည့် ဒုံဟွာလေးကို ချီလျက်ပင် ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။

' ကျနော်ကတော့ပြန်ခေါ်သွားမှာပဲ။ သားမရှိပဲမနေနိုင်ဘူး '

' ဘယ်အချိန်ထဲက သူနဲ့ပြန်တွေ့နေတာလဲ မနာကျည်းဘူးလား '

အန်တီ့စကားတွေကြောင့် ခက်ရင်းလေးကို ကိုင်လိုက်သည့် ဂျွန့်လက်တွေက တခဏရပ်တန့်သွားသည်။ နောက်ဘာမှမဖြစ်သလို ပြုံးလိုက်ရင်း သားလက်ထဲကို ခက်ရင်းသေးလေး ထည့်ပေးလိုက်သည်။

အမေ့စကားကို နားမထောင်ဖို့ ဆုံးဖြတ်ထားသည်။

' ဘာလို့နာကျည်းရမှာလဲ သူဆိုတာ ဒီတိုင်းသူငယ်ချင်းတစ်ယောက်လိုပဲဟာ '

မုသားတစ်ခုကို ဆိုလိုက်မိချိန် အမေ့ဘက်က ရယ်သံလွင်လွင်ကို ကြားလိုက်ရသည်။

' မေမေအားလုံးကိုသိပြီးသား ဂျွန်။ မင်းသူ့အပေါ်ဘယ်လိုသဘောထားလဲဆိုတာ မေမေဒါကိုလည်း သဘောတူခဲ့ပါတယ်။ အဲ့ကြောင့်လည်း မင်းတို့နှစ်ယောက်ကို ဘာမှမပြောခဲ့ဘူး။ ဒါပေမယ့် အခုတော့ မေမေသဘောမတူနိုင်တော့ဘူး။ '

မိဘတွေဘက်က သိနေတော့လည်း အဆင်ပြေတာပဲ မဟုတ်ဘူးလား..

သူ့ဘက်ကဘာများဆက်ပြောနေရအုန်းမှာလဲ..

' မေမေပြောတာကြားလား ဂျွန် '

' မေမေပြောချင်တာ အဲ့ဒါပဲ မဟုတ်လား။ ကျနော်သွားတော့မယ် သားအိပ်ချိန်နောက်ကျနေပြီ '

CLOVER - Volume 2 {Completed}Where stories live. Discover now