🍀34.Clover

2.7K 361 46
                                    

Unicode

' လက်ခံတယ်။ ငါ့ကိုနမ်း '

မယုံနိုင်သောကြောင့် တွန့်ဆုတ်နေသည့် ဆွန်းဟာ ယူဆော့ရှေ့ကိုသွားကာ မြက်ခင်းစိမ်းစိမ်းလေးတွေပေါ် ထိုင်ချလိုက်သည်။

အမှောင်ကျနေသည့် မျက်ဝန်းတွေ။ သူ့ကိုငေးကြည့်နေတာ။

ပါးပြင်တွေကို အသာလေး အုပ်ကိုင်ကာဖြင့် အားနည်းသည်ကြောင့် အနည်းငယ် ဖြူစွပ်နေသည့် နှုတ်ခမ်းလေးဆီ တိုးကပ်သွားလိုက်သည်။ မျက်လုံးတွေကို မှိတ်ချလိုက်သည့် ယူဆော့။

ထိကပ်သွားသည့် နှုတ်ခမ်းသားနှစ်စုံ။

ထိကပ်ရုံလေးသာ ထိကပ်သည့် ဆွန်းဟာ စက္ကန့်ပိုင်းအတွင်းမှာတင် ယူဆော့ကို လွှတ်ပေးသည်။ မျက်နှာလေးကိုတော့ ငေးကြည့်နေဆဲ။

' မင်းကဘာလဲ? မနမ်းတတ်တာလား '

သူ့ကိုပြုံးကာဖြင့် စိန်ခေါ်သေးတာ။

ယူဆော့စကားကြောင့် ဆွန်းခေါင်းခါကာပင် ပြုံးရယ်လိုက်ရင်း ဘေးနားကို ပြောင်းထိုင်လိုက်သည်။

' မင်းမကြိုက်ဘူးဆိုတာကို သိတယ်။ ဒါပေမဲ့ မင်းကိုချစ်တယ် အဲ့စကားလေးကိုတော့ မင်းကို ပြောခဲ့ဖူးချင်တယ်။ '

' မင်းက သေတော့မှာ မို့လို့လား '

နှုတ်ဆက် စကားပြောရင်လည်း မကြိုက်သလို တောင်းပန်စကားပြောရင်လည်း မကြိုက်သည့် ယူဆော့။

သူမှတ်မိပါသေးသည်။ နှုတ်ဆက်စကားကိုမပြောနဲ့ ထွက်မသွားခင်မှာပဲ နောင်တဆိုတာ မရှိအောင် နေတဲ့။

အခုလည်း သူ့စကားက နှုတ်ဆက်သလို ဖြစ်နေပုံရသည်မို့ ယူဆော့ မျက်မှောင်တွေဟာ တွန့်ချိုးလျက်။

' အဲ့လိုသာကြိုသိခွင့်ရရင် အဲ့အချိန်လောက်မှ မင်းကိုဖွင့်ပြောဖြစ်မှာ '

ငြိမ်သက်သွားသည့် ယူဆော့ဟာ ခွေးလေးကို ဘေးနားလွှတ်ပေးလိုက်ရင်း ကောင်းကင်ကြီးကို မျက်နှာမူကာ မြက်ခင်းပြင်ပေါ် လက်ထောက်လို့ထားသည်။

လေပြေတွေက ဖြတ်တိုက်လာတော့ ယူဆော့ဆံပင်လေးတွေက တလွင့်လွင့်နှင့်ပင်။

CLOVER - Volume 2 {Completed}Where stories live. Discover now