🍀3.Clover

3.6K 482 56
                                    

Unicode

လှေကားရှည်ကြီးတွေကို တစ်ထစ်ချင်း လှမ်းကာဖြင့် ဆင်းလာလိုက်တော့ မြင်လိုက်ရသူက အိမ်ပေါက်ဝမှာ ရပ်စောင့်နေသည့် မျက်နှာစိမ်းနဲ့ LV ဆိုသူ..

' သွားကြရအောင် သခင်လေး '

' ခဏ။ ခဏလေး LV ငါ့ကိုပန်းခင်းထဲ ပို့ပေးနိုင်မလား '

ထယ်ဟျောင်း စကားကြောင့် LV ခြေလှမ်းတွေက ရပ်လန့်လျက်

အဲ့ပန်းခင်းကိုတော့ ကြည့်ဖူးသွားချင်တယ်..

ထယ်ဟျောင်းအမေးကို နားမလည်ပုံပေါ်သည့် LV ကြောင့် ထယ်ဟျောင်း ထပ်မေးလိုက်သည်။

' စံပယ်ပန်းခင်းကြီးလေ.. အကိုငါ့ကိုခေါ်သွားဖူးတယ် '

' အော်.. ဒါပေမယ့် အဲ့ဒါပန်းခင်းမဟုတ်ပါဘူး သခင်လေး။ စံပယ်ပန်းနံ့နဲ့တူတဲ့ အဆိပ်ပင်တွေပါ '

' အဆိပ်ပင်.. '

' ဟုတ်ပါတယ်။ အခုတလော ညတိုင်းလိုလို သခင်လေးက မအိပ်ဘဲ ဝရံတာမှာ ရပ်နေတတ်တာမို့လို့
Boss က သခင်လေးအိပ်ပျော်အောင် အိပ်ငွေ့ချတဲ့သဘောနဲ့ အဲ့ပန်းတွေကို သခင်လေးအခန်းနားမှာ စိုက်ခဲ့တာပါ။ သခင်လေး သွားချင်တယ်ဆိုရင်တော့ ဒီဆေးကို အရင်သောက်မှရမယ်။ '

ဖန်ပုလင်းသေးသေးလေးထဲမှ အစိမ်းရောင် အရည်လေးက ဘာများလဲ ?

' ဒါဖြေဆေးပါ သခင်လေး။ '

သံသယကင်းစွာပင် LV ပေးတဲ့ အစိမ်းရောင်အရည်ကို သောက်လိုက်သည်။

ထို့နောက် သူသိပ်သဘောကျသည့် ပန်းခင်းကြီးဆီကိုသာ လျှောက်သွားလိုက်သည်။

အပြာနုရောင် အပွင့်သေးသေးလေးတွေက နွယ်ပင်ပမာ စိုက်ထားသည့် သစ်သားတိုင်တွေကို တွယ်ကပ်လို့နေသည်။ စံပယ်လို ရနံ့ရှိသည့် ထိုပန်းတွေက အဆိပ်ပင်တဲ့လား။

ခင်ဗျားက တကယ်ကို နားလည်ရခက်တဲ့သူပဲ..

အချိန်အတော်ကြာ ထိုပန်းခင်းကြီးကို ကြည့်လို့ပြီးတော့ ကားဆီကိုသာ ပြန်လာလိုက်တော့ ကားတံခါးကို အရန်သင့် ဖွင့်ပေးလာသည့် LV

' ခဏလေး။ သခင်လေးကို ပေးဖို့ဆိုပြီး Boss လက်ဆောင် တစ်ခုပြင်ထားတယ်။ တော်သေးတယ် မေ့တော့မလို့ '

CLOVER - Volume 2 {Completed}Where stories live. Discover now