🍀38.Clover

2.8K 376 76
                                    

Unicode

မီးရောင်ဝါဝါလေးအောက်က သစ်သားစားပွဲဝိုင်းလေး။ ခေါက်ဆွဲကို ကောင်းကောင်းစားနေသည့် ထယ်။

နှုတ်ခမ်းထောင့်မှာ ပေကျန်နေသည့် အဆီတချို့ကို မြင်တော့ မင်ပြုံးလိုက်ရင်း ဘေးနားက တစ်ရှူးတစ်ရွက်ကို ထယ့်လက်ထဲ ထည့်ပေးလိုက်သည်။

' ဖြေးဖြေးစား။ အစာမကြေဘဲနေမယ် '

ထယ်ဟာ သူ့စကားကိုပြုံးကာဖြင့် ဘေးကရေခွက်ကို ယူလိုက်ရင်း တစ်ငုံသောက်သည်။ နောက်နှုတ်ခမ်းတွေကို တစ်ရှူးနဲ့ ခပ်ကြမ်းကြမ်း ဖိသုတ်ရင်း သူ့ကိုကြည့်လာသည်။

' မင်.. '

မျက်ခုံးပင့်ပြတော့ သူသိချင်တဲ့ အမေးတွေကို တစ်သီတစ်တန်းကြီးဖြင့် မေးတော့သည်။ သို့သော် မင့်ဘက်က မေးခွန်းတွေကို မဖြေရှင်း ခေါက်ဆွဲကိုသာ စားလို့နေသည်။ ဒါကိုပင် ထယ်ဟာ စိတ်မရှည်တော့။

' မဖြေဘူးလားလို့ '

' မင် !! '

ဆူငေါက်ငေါက် ထယ့်စကားလေးကို ကြားလေတော့ မင်ဟာ နှစ်ခြိုက်စွာ ရယ်သည်။

ဒီပုံစံလေးကို မမြင်ရတာ ဘယ်လောက်တောင်ကြာပြီလဲ..

လက်ဒဏ်ရာကို ဂျွန့်ထံလက်လွှဲရင်း ဆေးရုံကိုထွက်လာတဲ့သူ.. သိပ်တောင်မကြာလိုက် ဆေးရုံအထိ လိုက်လာပြီး မင်ပဲဆေးထည့်ပေးဆိုကာ သူ့အပေါ်ဆိုးခဲ့ဖူးတဲ့ ကောင်ကလေး..

မဆုံးရှူံးချင်ဘူးဆိုတဲ့ စကားလေးနဲ့ ပေးအပ်လာတဲ့ မင်းထံမှ အကြင်နာ..

' တကယ်ကြီး မပြောပြတော့ဘူးလား '

မျက်ဝန်းလေးတွေကို သူငြင်းဆန်မည်လား.. ခပ်ဆူဆူ နှုတ်ခမ်းလေးတွေကိုရော သူကမျက်ကွယ်ပြုနိုင်မည်လား..

မြတ်နိုးရသူလေးနဲ့ သူဆိုတာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကမှ တွေ့ဆုံခွင့်ရခဲ့တာလေ..

အစွန်းဆုံအထိ ထွက်ပြေးလို့ ရပေမယ့် ကံကြမ္မာကြောင့် ပြန်ဆုံခဲ့တာပါလို့ ငါငြင်းဆန်မယ်..

ဒီလိုနဲ့ပဲ မင်းအနားလေးမှာ တိတ်တဆိတ် နေထိုင်သွားမယ်..

CLOVER - Volume 2 {Completed}Where stories live. Discover now