🍀4.Clover

3.6K 439 43
                                    

Unicode

အရင်တုန်းကလို မပြောင်းလဲသည့် အိမ်အပြင်အဆင်နဲ့ လသာဆောင်။ လသာဆောင်ကို မြင်တော့ မင့်ကအတွေးထဲ စိုးမိုးလို့လာသည်။

သို့သော် သိပ်မကြာလိုက် ခါးကို သိုင်းဖက်လာသည့် ဂျွန့်လက်တွေက အတွေးနယ်မှ ခေါ်ထုတ်လို့သွားသည်။

အိမ်ထဲရောက်တော့ ဟိုကြည့်သည်ကြည့်ဖြင့်
ထယ်က လသာဆောင်ကိုမြင်တော့ ငေးကြည့်လို့နေသည်။

အိပ်မက်လို အမြဲတမ်း တမ်းတနေခဲ့ရသည့် ကျောပြင်လေးကို ပွေ့ဖက်ကာပင် လည်းပင်လေးတွေကို နမ်းရှိုက်လိုက်ရင်း..

' ငါအရမ်းလွမ်းနေခဲ့တာ '

ဂျွန့်စကားကိုကြားတော့ ထယ်က နီးနီးကပ်ကပ် ဂျွန့်ပါးလေးကို ဖြတ်ခနဲ နမ်းလိုက်သည်မို့ ဂျွန်ပြုံးလိုက်သည်။

' ငါလည်း မင်းကိုလွမ်းနေတာ။ မင်းကိုပြောစရာရှိတယ် ဂျွန် '

မျက်နှာချင်းဆိုင် အနေအထားဖြင့် လှည့်လိုက်ကာ ဂျွန့်ပါးပြင်တွေကို အုပ်ကိုင်ကာပြောလာသည့် ထယ်။

ဘာစကားတွေမှ နားမထောင်ချင်ဘူး။

ကိုယ့်အာရုံတွေက အဲ့နှုတ်ခမ်းလေးကိုပဲ ထိတွေ့မိနေချင်တာမို့..

' နောက်မှပြော မင်းပဲနမ်းချင်တယ်ဆို '

ပိတ်ပင်ခံလိုက်ရသည့်နောက် ဂျွန့်ရဲ့နူးအိအိ နှုတ်ခမ်းသားလေးက သူ့နှုတ်ခမ်းတွေကို ဖိကပ်လို့လာသည်။

ခြောက်နှစ်လုံး လွမ်းနေခဲ့ရသည့် ဂျွန်ဆိုတဲ့ သူရဲ့ကိုယ်သင်းရနံ့နဲ့ အသက်ရှုသံတွေ။ တိုးကပ်လာသည့် ဂျွန့်မျက်နှာကို မရုန်းမိ မျက်လွှာတွေကို ချထားလိုက်သည်။

ထိကပ်လာသည့် နှုတ်ခမ်းပါးလေးနဲ့အတူ ပါးပြင်ကို ရိုက်ခတ်လာသည့် အသက်ရှူသံသဲ့သဲ့။ အသာအယာ စုပ်ယူသွားချိန် ဂျွန့်ခါးတွေကို သူဖက်ထားလိုက်သည်။

တိတ်ဆိတ်နေသည့် ကမ္ဘာတစ်ခုကို ရောက်သွားသလို အနမ်းကိုသာ ပုံဖော်ရင်း အရာအားလုံးကို ခတ္တမေ့ထားလိုက်သည်။

' နေအုန်း.. အွင့်.. ခဏ.. အွန်း.. ဂျွန်။ '

ဂျွန့်ရင်ဘတ်တွေကို တွန်းကာဖြင့် ပြောလိုက်တော့ ဂျွန်ကအနောက်ကို ခြေတစ်လှမ်းမျှ ဆုပ်မသွား။ လည်တိုင်တွေပေါ် အနမ်းတွေ ဖြန့်ကာကျဲသည်။

CLOVER - Volume 2 {Completed}Where stories live. Discover now