🍀39.Clover

2.7K 361 68
                                    

Unicode

လမ်းမီးတိုင်လေးရဲ့ အလင်းရောင် မှိန်ပြပြ။ စိုစွတ်နေသည့် ကျောက်စလစ် လမ်းမကြီး။ နေရာခြားကာ ရှိနေသည့် စားသောက်ဆိုင်လေးများ။

အနွေးထည် မထူမပါး တစ်ထည်ကို ကောက်ဝတ်လိုက်ရင်း တက်စီတစ်စီး ငှားလိုက်သည်။

ဂျွန် ဒီမြို့ကို ရောက်နေတာ သုံးရက်လောက် ရှိနေပြီ။ ဟိုဟိုဒီဒီ လျှောက်ရှာရင်းသာ အချိန်ကုန်သွားတတ်သည်။

မင့်ကိုတော့ အခုထိ သူမတွေ့သေး။ ဂိုဂျီဆိုတာ ခပ်ကျဉ်းကျဉ်းမြို့လေးမှ မဟုတ်ပဲ။

' ညီလေး။ အကိုဘယ်ကိုလိုက်ပို့ပေးရမလဲ '

ကားပေါ်တက်လိုက်တော့ တက်စီသမားဟာ သူ့ကိုလည်ပြန်ကြည့်ရင်း မေးသည်။ နည်းနည်းတော့ တွေဝေမိသား။ သုံးရက်အတွင်းမှာ သူနေရာတော်တော်များများကို ရောက်ဖူးလို့နေပြီ။

ယခုလည်း သူဘယ်ကိုသွားရမည်နည်း..။ မင်ကရော ဘယ်မှာရှိနေမည်နည်း..။

သက်ပြင်းသာ ချလိုက်မိတော့သည်။

' ညီလေး '

ထပ်မံခေါ်လာသည့် အချိန်မှာတော့ သူပါးစပ်ရှိရာကိုသာ ထုတ်ပြောလိုက်တော့သည်။

' ဈေးတစ်ခုဗျာ။ ညဈေးကိုပို့ပေး။ ကျနော်အဲ့ဒီကိုမရောက်ဖူးသေးဘူး '

သူ့စကားဆုံးတော့ တက်စီသမားဟာ သီချင်းအေးအေးလေးကို ဖွင့်ကာဖြင့် စမောင်းတော့သည်။

ကားတံခါးမှန်ကို တစ်ဝက်လောက် ချလိုက်ရင်း အပြင်ကိုသာ ငေးကြည့်နေလိုက်သည်။

တောင်ပေါ်ဒေသလေးမို့ မိုးကောင်းသည်။ ရာသီတိုင်းလိုလိုမှာ မိုးတွေရွာနေတတ်သည်။

မိုးဆိုတော့ ဦးနှောက်ဟာ ထယ့်ကိုသတိရမိသေးတာ

ထယ်သာဆို ဒီမြို့လေးကို နှစ်သက်မှာလို့လေ..

*ဒီဒီဒီဒီ*

အိတ်ကပ်ထဲက ဖုန်းရဲ့တုန်ခါမှုကြောင့် သူကြည့်လိုက်တော့ ဂျီယွန်း။

' ဂျီယွန်း '

' ဖေဖေ။ '

ဂျွန်ဟာ သူမထင်ထားသည့် အသံသေးသေးလေးကြောင့် ပျော်ရွှင်သွားတော့သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now