🍀25.Clover

2.7K 368 71
                                    

Unicode

ဟိုတယ်မှာ သေချာအခန်း ငှားပေးကာဖြင့် မနက်ပြန်မယ့် လေယာဉ်လက်မှတ်ကိုပါ ကြိုဖြတ်ထားလိုက်သည်။ မနက်ပိုင်းမှသာ လက်မှတ်ဖြတ်မည်ဆိုရင် သူနဲ့ထယ်ဟျောင်း ပြဿနာတက်ရလိမ့်မည်။

' ယူဆော့။ မအိပ်သေးဘူးလား '

ထယ်ဟျောင်းကို ဟိုတယ်လိုက်ပို့ပြီး ပြန်လာတော့ ဆိုဖာပေါ်မှာ ထိုင်ကာဖြင့် အာလူးကြော် ထိုင်စားနေသည့် ယူဆော့။ သူ့အသံကြားတော့ အိမ်တော်ထိန်း ဦးလေးကြီးဟာ မီးဖိုခန်းထဲမှ ထွက်လာသည်။

' LV.. Boss က ညစာလည်း မစားဘူး။ မုန့်တွေပဲ ထိုင်စားနေတာ '

အိမ်တော်ထိန်း စကားကို သူပြုံးကာဖြင့် ခေါင်းညိတ်လိုက်သည်။ နောက်ယူဆော့ ထိုင်နေသည့် နားလေးကို သွားထိုင်လိုက်သည်။ ချက်ချင်းဆိုသလို ကျောပေးလိုက်သည့် ယူဆော့ကြောင့် သူပြုံးလိုက်ရင်း ပုခုံးလေးကို ဆွဲလှည့်လိုက်သည်။

' ညစာမစားဘူးဆို '

' ငါမှမစားချင်တာ '

' ဟုတ်ပြီလေ။ ဒါဆိုလည်း မစားနဲ့။ '

LV က ထိုသို့ပြောကာပင် ဆိုဖာပေါ်မှာသာ ထိုင်ကာဖြင့် ဘေးနားက ရေဒီယိုလေးကို ဖွင့်လိုက်သည်။ ယူဆော့က သီချင်းအေးအေးလေးတွေကို သဘောကျသည်မဟုတ်လား။

သီချင်းသံလေးစတော့ သူယူဆော့ကိုသာ ငေးကြည့်နေလိုက်သည်။ ဂုတ်သားတွေကို ထောက်နေသည့် ဆံပင်နက်နက်လေးတွေ။

အဲ့ဆံပင်တွေကို ငါသိပ်ကိုသဘောကျတာ ယူဆော့..

ပြုံးလိုက်မိသည့် သူ့နှုတ်ခမ်းများ...

သိပ်မကြာ မျက်စိရှေ့က‌ ယူဆော့က မျက်နှာလေးမဲ့ကာဖြင့် သူ့ဘက်ကို လှည့်လာသည်။ ဘောင်းဘီစလေးကို ဆွဲကိုင်ကာဖြင့် သူ့ကိုခေါ်သည်။

' ပြောလေ ငါရှိတယ်။ '

' နောက်ထပ်မုန့်ရှိသေးလား.. ထပ်စားချင်သေးတယ် '

ယူဆော့ ပြောနေတဲ့ ပုံစံလေးကို ကြည့်ကာဖြင့် သူတိတ်တိတ်လေး ပြုံးရယ်လိုက်ကာပင် မီးဖိုခန်းထဲကို ဝင်သွားလိုက်သည်။ နောက်တော့ ဗီရိုထဲက မုန့်ထုတ်တွေကို သယ်လာကာဖြင့် ယူဆော့ရှေ့က စားပွဲခုံပေါ် ချပေးလိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now