🍀11.Clover

3.1K 406 22
                                    

Unicode

မနက်မိုးလင်းတော့ ဆိုင်သွားရမယ်ဆိုတဲ့ အသိကြောင့် မနက်ခြောက်နာရီကြီး
ငေါက်ခနဲ ထထိုင်မိသည်။ ရုတ်တရက် ထထိုင်လိုက်သည်ကြောင့် မူးနောက်သွားသည့် ခေါင်းကို ဖိကိုင်လိုက်ရင်း နံရံကပ် နာရီကို ကြည့်လိုက်မိသည်။

' ခြောက်နာရီပဲရှိသေးတာကိုကွာ.. '

တစ်ကိုယ်တည်း ငြီးတွားရင်း ဆံပင်တွေကို သပ်တင်ကာ ထိုင်လျက်ပင် မျက်လုံးတွေကို
မှိတ်ထားမိသည်။ ဘေးနားက အသက်ရှူသံ ညှင်းညှင်းကြောင့် ကြည့်လိုက်မိတော့ ကွေးကွေးလေး အိပ်နေသည့် ဂျွန်။

ဘေးစောင်းကာ အိပ်နေသည့် ဂျွန်က နှစ်ခြိုက်စွာပင်။ နဖူးပေါ်အုပ်အုပ်လေး ကျနေသည့် ဂျွန့်ဆံပင်လေးတွေ။ အစိတ်အကျဲ ညီနေသည့် မျက်တောင်လေးတွေ။ ခပ်ဟဟ နှုတ်ခမ်းလေး။ ပြုံးလိုက်မိကာ ဂျွန့်ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ နှိုးရင်လည်း နှိုးပါစေ။

သို့သော် တော်သေးသည်က မနှိုးလာပဲ တစ်ချက်သာ လှုပ်သွားရင်း ပြန်အိပ်ပျော်သွားသည်မို့ ထယ့်နားလေးတွေ ရဲလာခဲ့သည်။ မျက်လုံးတွေက လည်ပင်းမှ မှဲ့လေးကို တွေ့မိတော့ သူ့စိတ်တွေက မတည်ငြိမ်တော့ပေ။

အိပ်နေတဲ့ သူကိုမနှောက်ယှက်သင့်မှန်းသိသော်လည်း နှုတ်ခမ်းတွေက ထိုလည်ပင်းသားလေးတွေဆီ။

ညထဲက ရေချိုးဆပ်ပြာရည်ရနံ့က ယခုချိန်ထိ မပျောက်ပယ်သေးသည်မို့ ရနံ့လေးက သင်းသင်းလေးဖြင့် မွှေးနေလေသည်။ တစ်ချက်နမ်းလိုက်ရင်း အရည်ပြားလေးကို သွားဖြင့် တတိတိ ကိုက်လိုက်သည်။

လေးငါးချက်လောက် ကိုက်ပြီးတော့ ကျေနပ်သွားသည့် ထယ့်က ပြုံးလို့နေသည်။

' ကိုက်လို့ဝပြီလား '

စကားသံလေးကြောင့် မော့ကြည့်လိုက်တော့ ဂျွန်ကစိုက်ကြည့်ကာပင် ပြောလေသည်။

' နိုးသွားတာလား.. ဆောရီး ဂျွန် '

လာကိုက်နေမှတော့ မနိုးဘဲနေမည်တဲ့လား ဒီကောင်လေးကတော့..

' အင်း မင်းကြောင့်လေ.. '

ဂျွန်က ထိုသို့ပြောကာဖြင့် အိပ်နေရာမှ ထထိုင်သည်။ ခြုံထားသည့် စောင်ကိုပါ ဖယ်နေတာကြောင့် ဂျွန့်လက်ကောက်ဝတ်ကို ထယ်က ဆွဲကိုင်လိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now