🍀FINAL🍀 Unicode

5.4K 391 83
                                    

Final🍀

မင်မင် ပဲခေါက်ဆွဲ

အနက်ရောင် စာလုံးတွေကို ရွှေရောင်နဲ့ ကွတ်ခြယ်ထားသည့် ဆိုင်အမည်။ တွန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ပါဆယ်ထုပ်တွေကို ပြင်ဆင်နေသည့် ဂျင်ယောင်း။

' အကိုရောက်လာပြီလား။ ခုနကပဲ အကိုဂျီမင်းရောက်လာသေးတယ်။ '

' ဟုတ်လား။ '

မင်ဟာ လွယ်ထားသည့် အိတ်ကို စားပွဲပေါ် တင်လိုက်ရင်း ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ပါဆယ် ထုတ်နေသည့် ဂျင်ယောင်းကို လှမ်းကြည့်လိုက်တော့ သူ့ကို တစ်ချက်ပြန်ကြည့်ကာဖြင့် အလုပ်လုပ်ရင်း စကားပြောလာသည်။

' အကြာကြီး ထိုင်စောင့်နေသေးတယ်။ တော်တော်နဲ့မလာနိုင်မှ သွားစရာရှိတယ်ဆိုပြီး ထွက်သွားတာ '

ဂျင်ယောင်း စကားကြောင့် မင်ခေါင်းညိတ်လိုက်သည်။ နောက်ဖုန်းကို ထုတ်လိုက်ရင်း ဂျီမင်းကိုဆက်လိုက်သည်။

သူ့ကို တစ်ခုခု ပြောစရာရှိတာ ဖြစ်မည်လို့တွေးကာပင် ဖုန်းခေါ်လိုက်တော့

' အကိုလား.. '

' အင်း။ ခုနကဆိုင်ကိုလာသွားတယ်ဆို ဘာဖြစ်လို့လဲ။ ဟယ်လို..ဂျီမင်း ဟယ်လို ! '

ချက်ချင်းချသွားတာမို့ ပြန်ခေါ်လိုက်သည်။ သို့သော မကိုင်ပေ။ ခေါ်မရတဲ့ အဆုံးမှာတော့ မင်ပြန်မခေါ်ဖြစ်တော့။ အေပရွှန်ကိုယူကာပင် ခါးမှာစည်းဖို့လုပ်လိုက်သည်။ တစ်မနက်လုံး ဂျင်ယောင်းကပဲ ဆိုင်ကိုကြည့်ပေးထားတာဆိုတော့ သူအမှာစာတွေအတွက် ပြင်ဆင်ဖို့ လုပ်လိုက်သည်။ ဒီနေ့မှ ကြိုးက တစ်ကြိုးနဲ့ တစ်ကြိုး ရူပ်နေတာကြောင့် ဖြည်နေတုန်း ဆိုင်ထဲကို ပြေးဝင်လာသည့် ဂျီမင်း။

' အကို!! '

အသံလေးကြားရာကို လှည့်ကြည့်ခါရှိသေး ရင်ခွင်ထဲကို ပြေးဝင်လာသည့် ဂျီမင်းကြောင့် မင် ဂျင်ယောင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မျက်လုံးပြူးမျက်စံပြူးနဲ့ သူတို့နှစ်ယောက်ကို ကြည့်နေသည့် ဂျင်ယောင်းက သူ့ကြည့်လိုက်မှ ကြောင်တောင်တောင်ဖြင့် ခေါင်းကို ငုံ့သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now