🍀23.Clover

2.9K 386 73
                                    

Unicode

မနက်ခင်းရဲ့တဒေါက်ဒေါက်အသံလေး။ ဆီဆူနေပြီမို့ မီးကိုပိတ်လိုက်သည်။ ကြက်ဥကို အိုးထဲဖောက် ထည့်လိုက်ပြီးမှ မီးကိုဖွင့်ကာပင် ကြော်လိုက်သည်။

' ငါတော်တယ်။ '

လေးထောင့်ဆန် အပြုံးလေးနဲ့ ကောင်လေးဟာ ကိုယ့်ကိုယ်ကိုယ် တစ်ယောက်ထဲ ချီးကျူးလိုက်ကာပင် ပြုံးလိုက်သည်။

ဂျွန်သင်ပေးထားတဲ့အတိုင်း ကြက်ဥကို ကြော်ကာပင် မနက်စာကို ပြင်လိုက်သည်။

အလိပ်လေးတွေ ဖြစ်သည်အထိ ကြိုးစားပမ်းစား လုပ်ပြီးတော့ လှပတဲ့ ကြက်ဥလေးက ကြွေပန်းကန်လေးထပ်ဝယ်။

အသာလေး ပြုံးကာဖြင့် တခြားပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ဧည့်ခန်းကို ထွက်လာခဲ့တော့ လျို့ဝှက်နံပါတ် နှိပ်သံကြောင့် ထယ်ဟျောင်း ခြေလှမ်းတွေက ရပ်တန့်ကာပင် တံခါးကိုသာ ကြည့်နေမိသည်။

ဂျွန့်ဆီကိုလာမည့်သူရှိလို့လား..
လျို့ဝှက်နံပါတ်လည်း သိနေတယ်ဆိုတော့..?

အတွေးတောင် မဆုံးလိုက် ဝင်လာသည့် အမျိုးသမီးတစ်ဦးကြောင့် ထယ်ဟျောင်း မျက်ခုံးတွေ ပင့်တက်သွားရသည်။

' အန်တီ။ '

သူ့ဘက်ကလည်း ဂျွန့်မေမေကို တွေ့လိုက်ရတာကြောင့် ထိတ်လန့်သွားရသလို ဂျွန့်မေမေကလည်း သူ့ကိုကြည့်ကာပင် အနည်းငယ် ဒေါသထွက်လို့နေသည်။

' မင်းကဒီမှာရှိနေပြန်တာလား '

တစ်ချိန်က ထယ်လေးလို့ အပြုံးလေးနဲ့ခေါ်ကာပင် ပွေ့ဖက်တတ်သည့် အမျိုးသမီးက အခုချိန်မှာတော့ သူ့နာမည်ကိုတောင် ထုတ်လို့ပင် မခေါ်တော့။

လေသံကိုထိန်းကာ ပြောနေသည့် ဂျွန့်မေမေ့ရဲ့အသံလှိုင်းကြောင့် သူခေါင်းကိုငုံ့ထားကာပင် ငြိမ်နေလိုက်သည်။

' ဂျွန်။ ဂျွန်ဂျုံးကု.. မေမေခေါ်နေတယ်လေ ဂျွန်.. '

' ဟို.. သူကအိပ်နေတာ အန်တီ '

' အိပ်နေတော့ရော ဘာဖြစ်လဲကွယ်.. အခုချက်ချင်း ဂျွန့်ကိုတွေ့မှဖြစ်မယ် '

CLOVER - Volume 2 {Completed}Where stories live. Discover now