🍀5.Clover

3.5K 420 46
                                    

Unicode

အနက်ရောင် ကုတင်ပေါ်လှဲနေသည့် အဖြူရောင်ရှပ်လက်ရှည်နဲ့ အမျိုးသားတစ်ဦး။ ကြယ်သီးတွေကလည်း မသေမသပ်သလို ဆံပင်တွေကလည်း ဖွာကာဖြင့် မျက်လုံးတွေကို အုပ်နေသည်။ သို့သော် သူဟာ ယခုတိုင် ချောမောနေဆဲ။

ကြာပန်းပုံ တက်တူးရှိ လက်တစ်စုံက ဆေးခြောက်ပါသည့် စီးကရက်ကိုသာ တစ်စိုက်မတ်မတ် ရှူရှိုက်ရင်း မျက်လုံးတွေကို မှိတ်ထားသည်။

နှစ်ချက် ဆင့်ခေါက်လိုက်သည့် တံခါးခေါက်သံကြောင့် ဝင်ခဲ့ လို့ပြောလိုက်တော့ အေးဆေးသည့် ခြေလှမ်းသံ။ ရေမွှေးရနံ့ကြောင့် LV မှန်းသိလိုက်သည်။

' Boss.. သခင်လေး မနေ့ကပဲ ကိုရီးယားကိုပြန်ရောက်သွားပါပြီ '

' ငါ့နာမည်ယူဆော့ ဆွန်း။ '

' ဂျွန်ဆိုတဲ့ လူနဲ့ပြန်တွေ့သွားပါပြီ Boss '

ပြောမရသည့် ဆွန်းကို သူဆက်မပြောချင်တော့ပြီမို့ ဒီတိုင်းသာ မျက်လုံးတွေကို မှိတ်ရင်း ငြိမ်နေလိုက်သည်။

' ညီ့ကို စောင့်မကြည့်နဲ့နော် ညီလွတ်လွတ်လပ်လပ်နေပါစေ။ သူပျော်နေရင် ပြီးတာပဲ '

ကြားလိုက်ရသည့် သက်ပြင်းချသံတိုးတိုး။

' ယူဆော့ မင်းခွဲစိတ်မှုကို လက်ခံထားမှဖြစ်မယ်နော် တစ်နှစ်လောက် စောင့်ရမှာဆိုတော့ လက်မှတ်ထိုးထားမှ စိတ်ချရမှာ မဟုတ်ရင် အလှူရှင်က စိတ်ပြောင်းသွားလိမ့်မယ်။ '

အမှန်တော့ ထယ်အတွက်သာ မျက်ကြည်လွှာက ရှားနေတာ ယူဆော့နဲ့ကိုက်တဲ့ မျက်ကြည်လွှာကတော့ အတော့်ကိုများနေတာကြောင့် ဆွန်းတိုက်တွန်းနေရခြင်းပင်။ ခွဲစိတ်မှုတွေ ဆက်နေလို့ ဆရာဝန်က တစ်နှစ်လောက် စောင့်ခိုင်းထားတာမို့ စာချုပ်ချုပ် ထားရမည်။ လက်ရှိအလှူရှင်ကို ဆွန်းသည် မယုံပါ။ လူဆိုတာ ပြောင်းလဲနိုင်တယ်လေ။

' ညီအပေါ်က အပြစ်ကြွေးတွေကို ဒီနည်းနဲ့ပဲဆပ်ချင်တယ် ဆွန်း။ ငါအစားမထိုးဘူး။ ညီ့ကိုပေးလိုက်ရတဲ့ အလင်း။ ညီပျော်ရင် ငါကျေနပ်ပြီ ဆွန်း။ ငါ့အတွက် အလင်းဆိုတာ မလိုအပ်ဘူး။ '

CLOVER - Volume 2 {Completed}Where stories live. Discover now