🍀EXTRA 2🍀

3.2K 333 25
                                    

Unicode

နေ့လည်စာ ပြင်နေသည့် ဂျုံးကု ခြေထောက်ကို ဖက်တွယ်နေသည့် ဒုံဟွာလေး။ မျက်ဝန်းပြာပြာ လေးတွေနဲ့ အဖေဖြစ်သူကို ငေးကြည့်နေသော်လည်း အဖေဖြစ်သူ ဂျွန်ကတော့ သူ့ကိုနည်းနည်းလေးမှ ငဲ့မကြည့် အသီးအရွက်တွေကိုသာ ဆေးကြောလို့နေသည်။

"ပေ..ပေ..။ ပေပေလို့"

သုံးလေးခေါက်လောက် ခေါ်နေမိတော့ ဖေဖေဟာ သူ့ကိုလှည့်ကြည့်လာသည်။ ဖေဖေ့အကြည့်တွေက ဘာလဲ ဆိုတဲ့ သဘောမျိုးနဲ့ ကြည့်နေတာ။ သွားလေးကို ဖြဲပြလိုက်ရင်း ချစ်စရာကောင်းအောင် ပြုံးပြလိုက်သည်။ ဖေဖေ့နှုတ်ခမ်းစွန်းလေး ကော့တက်သွားတာကိုတော့ ဒုံဟွာလေး မြင်ဖြစ်အောင် မြင်လိုက်ပါသည်။

ဂျွန်ဟာ သားလေးကို စိတ်ဆိုးနေခြင်းပင်။ သူ့ကိုအသိမပေးပဲ မင်တို့အိမ်မှာ သွားအိပ်သည်။ ဘယ်လောက်ပဲ အခန်းချင်း ကပ်နေတယ်ပြောပြော ဘာမဆို သူ့ကိုအသိပေးပြီးမှ လုပ်စေချင်သည်။

အခုလို အရွယ်ထဲက သင်ကြားပေးမှ ဒီကလေးဟာ အရွယ်ရောက်လာရင် သူ့စကားကို နားထောင်မှာ မဟုတ်ရင် သူတောင်ထိန်းမနိုင် ဖြစ်ရမည်ပင်။

' မနက်စာစားခဲ့လား '

လေသံမာမာဖြင့်မေးရင်း ဘေစင်နားကနေ စားပွဲနားကို လျှောက်သွားတော့ သူ့ခြေထောက်တွေကို မလွှတ်ပေးဘဲ ကပ်လိုက်ကာသည်။

' ဟုတ်။ ကိုကို့ပါပါးက သားကိုမနက်စာလည်း ကျွေးတယ်။ မုန့်တွေလည်း လုပ်ကျွေးတယ်။ '

' အော် ဟုတ်လား.. ဒီဖေဖေက မင်းကိုအငတ်ထားနေလို့လား '

' ဟုတ်ပါဘူး။ သားက ကိုကိုကြောင့် သွားတာပါ။ နောက်ဖေဖေ မသွားစေချင်ရင် ကိုကို့ကို အိမ်ခေါ်ခဲ့မယ်လေ။ '

စိတ်ဆိုးနေတဲ့ အဖေဖြစ်သူကို ချော့မယ်မရှိ သူ့ကိုကိုကိုတောင် အိမ်ပေါ်ခေါ်တင်ချင်သေးသည်။ မလွယ်ကြောလေးပဲ။

' မခေါ်ပါဘူး။ ဆော့ချင်ဟိုမှာသွားဆော့။ ဒါပေမဲ့ အချိန်နဲ့အချိန်တော့ ဆော့မှပေါ့ အိမ်ပြန်ချိန်မှာ အိမ်ကိုပဲ ပြန်လာရမယ်လို့ ဖေဖေမှာထားတယ်လေ။ '

CLOVER - Volume 2 {Completed}Where stories live. Discover now