🍀48.Clover

3K 386 36
                                    

Unicode

တုန့်ခနဲ ရပ်သွားသည့် မော်ဒယ်မြင့် ကားတစ်စီး။ တိတ်ဆိတ်သည့် မြို့လေးတစ်မြို့မှာ ဆွန်း သတ်လိုက်သည့် ကားစက်သံဟာ ကျယ်လောင်လျက်။

ကားပေါ်က ဆင်းလိုက်တော့ နှာခေါင်းထဲ တိုးဝင်လာသည်က နှင်းဆီရနံ့။

လက်ထဲက အဖြူရောင် ခွေးကလေးကို ပွေ့ထားရင်း ယူဆော့ မျက်စိရှေ့က အိမ်ကလေးကို ငေးကြည့်လိုက်သည်။ ခြံတံခါးသည် သူ့ရင်ဘတ် ကျော်ကျော်လောက်သာ ရှိမည်။ ဘေးဘီကို ကြည့်လိုက်တော့လည်း ထိုနည်းတူစွာပင် ချစ်စရာအိမ်ကလေးတွေက အစီအရီ။

ကားအနောက်ခန်းထဲက ပစ္စည်းတွေကို မ,သယ်နေသည့် ဆွန်းက ခြံတံခါးပုလေးကို တွန်းဖွင့်ရင်း ပြောသည်။

' ဝင်ရအောင်လေ.. '

ခေါင်းကိုတစ်ချက် ညိတ်လိုက်တော့ ဆွန်းက အရင်ဦးစွာ ထိုခြံလေးထဲ ဝင်လို့သွားသည်။

သစ်သားတံခါးလေးကို တွန်းဖွင့်လိုက်တော့ နှင်းဆီဖြူဖြူတွေက အခင်းလိုက်လေး ရှိနေတာ။ ပန်းအိုးနဲ့ စိုက်ပျိုးထားခြင်းမျိုး မဟုတ်ဘဲ မြေပြင်ပေါ်မှာသာ စနစ်တကျ စိုက်ပျိုးထားတာမျိုး။

တစ်ပွင့်ကို နမ်းရှိုက်လိုက်တော့ ရနံ့သင်းသင်း။ ယူဆော့ ပြုံးမိ၏။

ဒီအိမ်လေးက သူနေရမယ့် အိမ်လေးတဲ့..

' သဘောကျရဲ့လား ယူဆော့။ '

ရေတစ်ခွက်ကို သောက်ရင်း ဆွန်းဟာ သူ့ကိုပြောသည်။

ခေါင်းကိုတဆက်ဆက် ညိတ်ပြလိုက်ရင်း ပြုံးလိုက်သည်။ သူရောက်နေသည့် ဒီအိမ်လေးဟာ သူပုံစံနဲ့ မလိုက်စွာပင် နူးညံ့ကာ အေးချမ်းလို့နေသည်။

သို့သော် နှစ်သက်သည်။ အိမ်ရှေ့က နှင်းဆီဖြူတွေကို ပိုမိသည်။ အစိမ်းရောင် စာတိုက်ပုံးကလေးလည်း ရှိသေးသည်ကို သူခုနက မြင်မိလိုက်မိသည်။

' မင်းကရော ဒီမှာပဲနေမှာမလား.. '

' မသေချာသေးဘူး။ သူတို့ဒီနေရာကိုပါ ခြေရာခံမိလို့မဖြစ်ဘူး '

ဆွန်းပြောတာလဲ မှန်သည်။ သူကအလုပ်ကိစ္စတွေကို ခေါင်းထဲမထားတော့သည်မို့ အဲ့ကိစ္စကို မေ့လို့တောင်နေပြီ။

CLOVER - Volume 2 {Completed}Where stories live. Discover now