🍀52.2.Clover

3.6K 414 29
                                    

Unicode

အငွေ့တထောင်းထောင်းနဲ့ ဟင်းရည်အိုးကို ဖွင့်လိုက်သည်။ စတီးဇွန်းလေးနဲ့ ခပ်ယူလိုက်ရင်း သောက်ကြည့်လိုက်တော့ အရသာက မဆိုးလှ။ ဟင်းချက်နည်း စာအုပ်တွေက အသုံးတော့ ဝင်သား။

ကြွေပန်းကန်လုံးလေးကို ယူလိုက်ရင်း တစ်ဝက်လောက် ခပ်ထည့်လိုက်သည်။ နောက်ထမင်း ပူပူလေးကိုပါ ခပ်ယူလိုက်ရင်း ဟင်းရည်ခွက်ထဲ ရောထည့်လိုက်သည်။ ဇွန်းသေးသေးလေးကို တပ်ပေးလိုက်ရင်း ထမင်းစားပွဲမှာ ထိုင်နေသည့် ဒုံဟွာလေး ရှေ့ချပေးလိုက်သည်။

' ဖြေးဖြေးစားနော်။ ပူတယ်။ '

' ဟုတ်။ '

ထယ်ဟျောင်းဟာ ခေါင်းလုံးလုံးလေးကို ခပ်ပွပွ ပုတ်ရင်း ပြောတော့ မျက်ဝန်းပြာလေးတွေနဲ့ ကလေးလေးက ခေါင်းလေးကို တစ်ချက်ညိတ်ကာ ထယ်ဟျောင်းကို ပြုံးပြသည်။

' ဖေဖေရောဟင် ဦးဦး..။ '

မျက်လုံးဝိုင်းဝိုင်းလေးက ဟိုဟိုဒီဒီ ကြည့်ရင်း ဂျွန့်ကိုမေးသည်။

' မင်းဖေဖေက အိပ်ပျော်နေတုန်းထင်တယ်။ ဦးဦးသွားခေါ်ပေးမယ် ခဏ '

ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ရင်း ထယ်ဟျောင်း အခန်းထဲ ဝင်လာခဲ့သည်။ ညကအတိုင်း သူ့ဘက်လေးကို စောင်းအိပ်နေသည့် ဂျွန့်နားမှာ တင်ပါးလွှဲထိုင်လိုက်ရင်း ဆံပင်ပွပွကို သပ်တင်လိုက်သည်။ နဖူးကို တစ်ချက်နမ်းလိုက်ရင်း

' ဂျွန်။ မထချင်သေးဘူးလား။ '

လက်မောင်းကို တစ်ချက်လှုပ်ရင်း နှိုးတော့မှ နိုးစပြုလာသည်။ မျက်ဝန်းအိမ်တွေက သူ့ကိုမြင်တော့ ငေးကြည့်နေသည်။ ကုန်းရုန်းထရင်း ဂျွန်က သူ့ကိုပွေ့ဖက်သည်။

အရမ်းကြောက်နေခဲ့မှာပဲ... အမမိုင်ကို ပေးခဲ့တဲ့ ကတိ... ကိုယ်မတည်ခဲ့ဘူး။

' သားလေးက မင်းကိုရှာနေတယ်။ ညကလည်း မင်းကိုမတွေ့ရဘဲ အိပ်ပျော်သွားရတာ။ '

ထယ့်ပါးမို့မို့လေးကို တစ်ချက်ဖိနမ်းလိုက်ရင်း ဂျွန်က ခေါင်းညိတ်လိုက်သည်။

' မျက်နှာသစ်ပြီးလာခဲ့မယ်။ '

' မင်းအဆင်ပြေရဲ့လား။ မနေ့ညက တစ်ခုခု ဖြစ်လာတယ်ထင်တယ်။ '

CLOVER - Volume 2 {Completed}Where stories live. Discover now