🍀EXTRA 1🍀

3.4K 334 37
                                    

Unicode

မင်းကိုခွင့်မလွှတ်ဘူး ဆွန်း။

ခပ်တိုးတိုး စကားသံ။

စကားလုံးတွေဟာ ကြမ်းတမ်းသော်လည်း ဆိုနေသူ ပါးပြင်မှာတော့ မျက်ရည်စတွေဖြင့်သာ။ အဝါရောင် စာရွက်လေးကို ရင်ခွင်ထဲ ပွေ့ပိုက်လိုက်ရင်း ကြမ်းပြင်မှာသာ ခွေခွေလေး လှဲနေသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က...

နှင်းဆီဖြူတွေနဲ့ပြည့်နေသည့် ခြံဝန်းလေးရှေ့ တက်စီတစ်စင်း စိုက်ရောက်လာတော့ အိမ်ထဲမှ အပြေးထွက်လာသည့် ဆွန်း။

' ဘယ်တွေသွားနေတာလဲ ယူဆော့။ ဖုန်းဆက်နေတာကိုလည်း မကိုင်ဘူး။
ဘယ်လောက်စိတ်ပူနေလဲသိလား။ '

တက်စီခကို ရှင်းလိုက်ရင်း ယိုင်နဲ့နဲ့ဖြင့်သာ အိမ်ထဲကို ဝင်လာခဲ့သည်။ ဆွန်းကတော့ သူ့နောက်ကို ပြေးလိုက်လာရင်း ဆွဲလှည့်ကာ ပွေ့ဖက်သည်။ ခေါင်းနည်းနည်း ကိုက်နေသည်ကြောင့် ဆွန်းကို တွန်းမိတော့ မဖယ်ပေးဘဲ ဖက်လို့ထားသည်။

' ငါခေါင်းမူးနေတယ် ဆွန်း။ ဖယ်ပေးပါ '

ဆွန်းက ယူဆော့လည်း ခေါင်းမူးနေတယ်ဆိုရော ချက်ချင်း လွှတ်ပေးကာပင် အိမ်ထဲက ဆိုဖာလေးထပ်မှာ ထိုင်ခိုင်းလိုက်သည်။ ယူဆော့နားက အရက်နံ့ရနေသည်။ သောက်လာတာက သေချာသည်မို့ သံပုရာရည်တစ်ခွက် ဖျော်လိုက်ကာ ဖန်ခွက်လေးကို ယူဆော့ လက်ထဲ ထည့်ပေးလိုက်သည်။

' ကျေးဇူးပဲ ဆွန်း။ '

' တစ်ယောက်ထဲ သောက်လာတာလား '

ခေါင်းကိုသာ ညိတ်သည့် ယူဆော့ကို ဆွန်းငေးကြည့်မိသည်။

' ချစ်တယ် ယူဆော့။ '

' သိပြီးသား ကိစ္စပဲဟာ '

ပြုံးလိုက်ရင်း ယူဆော့ ခြေထောက်နားက ခွေးလေးကို ပွေ့ချီလိုက်သည်။ မျက်လုံးနက်နက်လေးတွေနဲ့ ခွေးလေးကို ကြည့်လိုက်ရင်း အိတ်ကပ်ထဲက ချုလေးကို ထုတ်လိုက်သည်။ ခွေးကလေးရဲ့ လည်ပင်းလေးမှာ ဆွဲပေးလိုက်ရင်း ယူဆော့ကို ကြည့်လိုက်သည်။

' ခွေးလေးပျောက်သွားမှာစိုးလို့ မင်းကသူ့ကိုအရမ်းသဘောကျတယ်မလား။ '

CLOVER - Volume 2 {Completed}Where stories live. Discover now