🍀9.Clover

3.3K 419 88
                                    

Unicode

' ကျနော်မနက်ဖြန်အလုပ်လာရမှာပေါ့နော် '

မျက်လုံးလေးတွေ ပြူးကာဖြင့် မေးလာသည့် ထယ်ဟျောင်းဆိုတဲ့ ကောင်လေးဟာ မရည်ရွယ်ပါပဲနဲ့ တစ်စုံတစ်ယောက်၏ နှလုံးသားတံခါးကို သွားခေါက်ပြန်သည်။

' ဒါပေါ့။ မနက်ဖြန် အလုပ်ချိန်ကို နောက်မကျစေနဲ့နော် ကောင်လေး.. ဒါနဲ့မင်းနာမည်က ဘယ်သူလဲ နာမည်ကတ် လုပ်ပေးရမယ် '

အကိုက ကျနော့်ရင်ဘတ်နားကို လက်ညိုးညွှန်ကာဖြင့် ပြောသည်။ တခြားကောင်လေးတွေဆိုလည်း နာမည်ကတ်လေးတွေရှိတာကြောင့် ကျနော့်မှာလည်း ရှိရမည်ထင်။

' ထယ်ဟျောင်းပါ။ '

' ဟုတ်ပြီ ထယ်ဟျောင်း။ ပြန်တော့ နောက်ကျနေပြီ '

အကိုက ပြန်တော့လို့ ပြုံးကာပင် ပြောနေတာကြောင့် အဝတ်လဲခန်းကို ပြေးကာဖြင့် အဝတ်လဲကာ ပြန်ထွက်လာတော့ ဆိုင်က မသိမ်းသေး။ ကြည့်ရတာ 24 နာရီဆိုင်ဖြစ်မယ်။

ကျနော်အလုပ်လုပ်တဲ့ နေရာမှာ တခြားကောင်လေး တစ်ယောက်ရှိနေပြီး ဆိုင်မှာလည်း စားသုံးသူတွေက ဝင်ထွက်နေကြဆဲ။ ည​နေဘက်မို့ပိုလို့ပင် ရူပ်လာသည့် လူတွေကြောင့် ထယ်ဟျောင်း အပြင်ကိုသာ အမြန်ထွက်လာခဲ့သည်။

မှောင်ရီပျိုးနေသည့် အချိန်လေး ဖြစ်တာကြောင့် ကောင်းကင်ကြီးက အုံမှိုင်းဖြင့် အနီရောင် သမ်းလို့နေသည်။ ဘယ်သူမှ မော့မကြည့်တဲ့ ကောင်းကင်ကြီး မော့ကြည့်လိုက်တော့ သိပ်ကိုလှပသည့် တိမ်စိုင်လေးတွေက အစုလိုက် အပြုံလိုက်။

လှလိုက်တာ။

ဘာရယ်မဟုတ် အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာဖြင့် ကောင်းကင်ကြီးကို ဓာတ်ပုံရိုက်လိုက်မိသည်။ လှပသည့် ကောင်းကင်ကြီးက သူ့လည်ပင်းတွေကို ညောင်းလာသည်အထိ ဆွဲဆောင်ထားသည်။

များပြားလှသော ပုံတွေကို သိမ်းဆည်းပြီးနောက် ရိုက်ပြီးသား ပုံတွေကို တစ်ပုံချင်းပြန်ကြည့်ရန်
ခေါင်းကိုငုံလိုက်ချိန်မှာ ပြာလာသည့် အမြင်အာရုံကြောင့် လူကငိုက်ခနဲ..

မူးသွားရသည်မို့ ငုတ်တုတ် ထိုင်ချလိုက်ကာပင် မျက်လုံးတွေက ကျောက်စလစ်ဖြင့် ခင်းထားသည့် လမ်းကိုသာ ငုံကြည့်နေလိုက်သည်။ တခဏလောက် ငြိမ်ငြိမ်လေး နေလိုက်တော့မှ သက်သာသွားသည်မို့ သူပြုံးလိုက်ရင်း ဖုန်းထဲက ပုံလေးတွေကို တစ်ပုံချင်း ကြည့်နေလိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now