🍀8.Clover

3.1K 417 26
                                    

Unicode

တစ်ယောက်ထဲ အတွေးလွန်ကာဖြင့် ရပ်နေမိတုန်း တံခါးကို ဒုန်းခနဲ ဆောင့်ဖွင့်လိုက်သည့် ကောင်လေးတစ်ယောက်ကြောင့် ထယ်အသံလာရာကို လှည့်ကြည့်လိုက်မိသည်။

ကော်ဖီရောင်ဆံပင်တွေနဲ့ ကောင်လေးဟာ သူ့မျက်နှာကို မကြည့်ပါ ဘေစင်မှာသာ လက်ကိုဆေးကာဖြင့် တစ်ရှူးကို ထုတ်သုံးနေသည်။

' ဘာကြည့်တာလဲ မကျေနပ်တာလား အကို။ '

ဘေးမှစိုက်ကြည့်နေသည့် ထယ့်ကို ဂျီယွန်းကိုမေးလိုက်တော့ ထယ်ဟာ ဘာမှမပြော မသိချင်ယောင်ဆောင်ကာပင် အပြင်ကို ပြန်ထွက်သွားတော့သည်။

' ကျနော်ဂျွန့်ကိုသဘောကျတယ် '

ထိုစကားကြောင့် တုန့်ခနဲ ရပ်တန့်သွားသည့် ခြေလှမ်းများ။

' အဲ့တော့ '

မေးငေါ့ကာဖြင့် မခန့်သလို မေးတော့ ဂျီယွန်းက ပြုံးရင်းပြောသည်။

' အကိုဂျွန့်ကိုထပ် မကစားပါနဲ့ '

စိတ်ပျက်စရာ။

ထိုသို့တွေးကာပင် ထယ်ဟျောင်း သန့်စင်ခန်းထဲမှ ထွက်လာခဲ့သည်။

ဘယ်တုန်းက ကစားခဲ့သည်လဲ။

ဂျွန့်ကိုသိပ်ချစ်ခဲ့ပါသည် နည်းလမ်းသာ မမှန်ခဲ့ရုံ..

ဂျွန့်ရုံးခန်းထဲ ပြန်ဝင်လာတော့ ပြတင်းပေါက်မှန်နားမှာ ရပ်နေသည့် ဂျွန်။

မင်းက ငါ့ကိုပဲချစ်တာ ဟုတ်တယ်မလား ဂျွန်..။

အိပ်မက်ကိုတောင် မပြောင်းလဲတတ်တဲ့ မင်းအကြောင်းကို သိနေတာကြောင့် မင်းနှလုံးသားကလည်း
မပြောင်းလဲဘူးလို့ ငါယုံကြည်ချင်တယ်..။

ဂျွန့်ခါးကို ဖက်ကာဖြင့် ကျောပြင်ကျယ်ပေါ် ခေါင်းလေး မှီလိုက်တော့ သူ့လက်ချောင်းတွေကို
ယှက်တွယ်လာသည့် ဂျွန့်၏လက်ချောင်းများ။

' ဘာလို့ဒီမှာရပ်နေတာလဲ ဂျွန် '

ထယ့်စကားများအဆုံးမှာ ဂျွန်ကကျောဘက်မှ ထယ့်မျက်နှာလေးကို တစ်ချက်ငဲ့ကြည့်ကာ ပြုံးလိုက်ရင်း ထယ့်ခေါင်းလေးကို ဂျွန်က သူ့ခေါင်းလေးဖြင့် အသာလေး တွန်းလိုက်ရင်း နဖူးလေးကို တစ်ချက် နမ်းလိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now