🍀44.Clover

2.7K 354 44
                                    

Unicode

' အကိုကျနော်ပြန်ပြီ '

ဂျင်ယောင်းဟာ ကြိုးသိုင်းသေရေအိတ်လေးကို လွယ်ကာဖြင့် သူ့ကိုနှုတ်ဆက်ကာ ထွက်လို့သွားသည်။

ဆိုင်သိမ်းခါနီးပေမို့ အမှာစာတွေလည်း မရှိတော့။ မင်ဟာ သိမ်းစရာရှိတာသိမ်းကာ ဝတ်ထားသည့် အေပရွှန်ကို ချွတ်လိုက်သည်။

' မင်.. '

ခေါ်သံကြောင့် လှည့်ကြည့်တော့ ထယ်။ ထယ်ဟာ ညနေတိုင်း သူ့ဆိုင်ကို လာလေ့ရှိသည်။

ဘာလာလုပ်တာလဲဆိုရင်တော့ သူ့ကိုပဲခေါက်ဆွဲ လုပ်ကျွေးခိုင်းရင်ခိုင်း မခိုင်းရင် အပြင်စာတစ်ခုခု ဝယ်ကျွေးခိုင်းတတ်သည်။

' ဘာစားချင်လဲ ဘာလုပ်ပေးရမလဲ.. '

ကောင်တာရှေ့က ထိုင်ခုံလေးပေါ် တက်ထိုင်ရင်း ဆူပုတ်ပုတ် မျက်နှာလေးနဲ့ ထယ့်ကို သူမေးလိုက်တော့ ကောင်တာပေါ် လက်လေးတင်ကာ တစ်ခုခုကို စဉ်းစားသည်။

' ပဲခေါက်ဆွဲပဲ..ကြက်ဥပါထည့်ပေး '

' ဖြစ်စေရမယ် '

ခေါင်းလေးကို အသာပုတ်ရင်း ပြောတော့ ခေါင်းလေးညိတ်သည့် ထယ်။

အူယားစရာလေး..❤

မင်ဟာ မီးဖိုချောင်ထဲ ပြန်ဝင်သွားရင်း ထယ်စားဖို့အတွက် ပြင်ဆင်နေလိုက်သည်။ မီးဖိုချောင် ဆိုသော်လည်း ထယ်ထိုင်နေတဲ့နေရာနဲ့ ပြတင်းပေါက်လေးသာ ခြားသည်မို့ သူထယ့်ကို လှမ်းမြင်နေရသည်။

ဖုန်းသုံးကာ ကာတွန်းဖတ်ရယ်နေသည့် ထယ်ရဲ့ အပြုံးတွေက သူ့ထံကူးစက်လာသည်။

အခုချိန်ထိ ရုပ်ပြဟာသတွေကို သဘောကျနေသေးသည်။

ပျော်ရွှင်နေသည့် ထယ့်မျက်နှာ.. အဲ့နေ့ကအကြောင်းအရာတွေကို ပြန်တွေးမိသည်။

သူမေ့ပစ်ထားတဲ့ အကြောင်းတွေကို တစ်စချင်း ဆွဲထုတ်မိသည်။ မေ့ပျောက်ပစ်လိုက်သင့်သည့် အတိတ်တွေဆိုသောလည်း သူ့ဦးနှောက်ထဲမှာ ကျန်ရစ်နေဆဲ..

အဲ့ဒီနေ့က ကျနော့်ရဲ့မင်္ဂလာပွဲ။

ပန်းနုရောင် နှင်းဆီတွေနဲ့ပြည့်နေသည့် ခန်းမလည်မှာ ရပ်နေသည့် အညိုရောင်ဂါဝန်နဲ့ မိန်းကလေး။

CLOVER - Volume 2 {Completed}Where stories live. Discover now