🍀17.Clover

3.1K 416 75
                                    

Unicode

ဒီနေ့ ကုမ္ပဏီ အစည်းအဝေးက စောစောပြီးတာကြောင့် ထယ်ဆီပြေးလာခဲ့ပေမယ့် အိမ်မှာ ဘယ်သူမှ မရှိ။ ဖုန်းကိုလည်း ဧည့်ခန်းက စားပွဲပေါ်မှာ ထားသွားတာကြောင့် ဂျွန်လိုက်ရှာရတော့သည်။

ဒီကောင်လေး ဘယ်တွေသွားနေတာပါလိမ့်..

ဟိုဟိုဒီဒီလိုက်ရှာသော်လည်း မတွေ့သည်မို့ ဟိုတစ်ခါ ထယ်နဲ့တွေ့ခဲ့သည့် ကစားကွင်းနားကို သွားလိုက်သည်။

လမ်းထောင့်လေးမှာ ဟိုလှည့်သည်လှည့်ဖြင့် ချစ်ရတဲ့ ကောင်လေးကို ရှာနေသည့် ဂျွန့်ပုံစံဟာ ဘယ်လောက်ပင် ရင့်ကျက်လာပြီဆိုလဲ ဆယ်ကျော်သက်လေးလိုတော့ ပြာယာခတ်နေသေးသည်။

သူ့ကောင်လေးပျောက်နေတယ်ဆိုပြီး စိတ်ပူနေပုံပင်..

မျက်လုံးတွေက တစ်နေရာအရောက် ရပ်တန့်လျက်..

' ထယ်။ '

မှန်တံခါးတွေမှ မြင်လိုက်ရသည်က ထယ်။ အညိုရောင်ဝတ်စုံကို ကြည့်ရတာ ဆိုင်ရဲ့ယူနီဖောင်းဖြစ်မယ်။

ဒီဆိုင်မှာ အလုပ်လုပ်နေတာတဲ့လား..

ဘာလို့လဲ..?

တွန်းတံခါးကိုဖွင့်လိုက်တော့ ခါးလေးကိုင်းကာဖြင့် အရိုအသေပေးသည်။

' ကြိုဆိုပါ..ဟင်.. ဂျွန်.. '

မျက်လုံးလေးတွေက ဝိုင်းစက်သွားကာဖြင့် ကျနော့်ကိုသာ စိုက်ကြည့်လို့နေသည်။

' ဒီမှာဘာလုပ်နေတာလဲ '

ထယ့်လက်ကောက်ဝတ်လေးကို ကိုင်လိုက်ကာ မေးလိုက်တော့ မျက်လုံးတွေက ဟိုကြည့်သည့်ကြည့်ဖြင့်သာ..

' ဘာဖြစ်လို့လဲ ခင်ဗျ.. '

ထယ့်ဆီကအဖြေကိုတောင် မရသေး ကျနော့်နားကိုရောက်လာသည် ခပ်ချောချော အမျိုးသားတစ်ဦး။

ထယ့်ကိုကြည့်လိုက်တော့ ဘာမှမပြောသေးပဲ ဒီတိုင်းလေးသာ ငြိမ်နေသည်မို့ ဂျွန် ဒေါသထွက်လာရသည်။

မင်းငါ့ကိုထပ်ပြီးကစားချင်နေတာလား..

အရမ်းချစ်မှန်းသိနေတာတောင် ဆက်ပြီးရက်စက်ချင်သေးသည်လား..

CLOVER - Volume 2 {Completed}Where stories live. Discover now