🍀EXTRA 3🍀

2.9K 326 18
                                    

Unicode

' အကို။ အဲ့ဒါဘယ်သွားမလို့လဲ ကျနော်ခေါင်းမူးလို့ '

အဖြူရောင် စက္ကူအိတ်ကို ကိုင်ကာဖြင့် အပြင်ထွက်ဖို့လုပ်နေသည့် မင့်လက်တွေကို ဆွဲရင်း ရင်ခွင်ထဲ မှီချလိုက်သည်။ မေးသာမေးရတာ သေချာသည် ဆေးသွားပေးဖို့ဖြစ်မည်မို့ ဂျီမင်းတစ်ခုခု ကြံရတော့သည်။

' ခေါင်းမူးတယ်.. ဘယ်လိုဖြစ်တာလဲ '

' နားလိုက်ရင် သက်သာသွားမယ်ထင်တယ် အ ! '

အနည်းငယ် ယိုင်သွားသည့် ဂျီမင်းကြောင့် မင်စိတ်ပူကာပင် အသာတွဲရင်း အခန်းထဲ ခေါ်သွားလိုက်သည်။

' ရရဲ့လား.. အဆင်ပြေရဲ့လား '

နဖူးပေါ်က ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ကာ မေးလိုက်တော့ ဂျီမင်းက ပြုံးကာပင် ခေါင်းညိတ်လိုက်သည်။ ကုတင်ပေါ်မှာ ထောက်ထားသည့် မင့်လက်ကို မြင်တော့ အုပ်ကိုင်ထားလိုက်သည်။

' ကျနော့်နားမှာပဲ နေပေးနော်.. ဘယ်ကိုမှ မသွားနဲ့နော် '

ဂျီမင်းရဲ့စကားလေးကြောင့် မင်ပြုံးကာဖြင့် ခေါင်းညိတ်လိုက်သည်။

' အိပ်လိုက်ရင်သက်သာသွားမှာပါ အိပ်လိုက်နော် '

လက်ဖောင်းဖောင်းလေးကို မင်ဟာ ကိုင်လို့ထားသည်။

ဆံပင်လေးကို သပ်ပေးလိုက် စောင်လေးကို ခြုံပေးလိုက်ဖြင့်သာ မင်ဟာ ဂျီမင်းနားမှာ ရှိနေလေရဲ့။

****

' ဂျုံးကုရေ.. ဂျွန်ဂျုံးကု '

ညနေစောင်းလောက်ရောက်တော့ နိုးလာသည့် ထယ်ဟာ ကုတင်ပေါ်မှာတင် ဟိုလိမ့်ဒီလိမ့်ဖြင့် သူ့ကိုခေါ်လို့နေသည်။ ထူးတော့လည်း ဘာမှမဟုတ်ပြန် စနောက်နေမှန်း သိတာကြောင့် ဂျွန်ပြန်မထူးဖြစ်တော့။ အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။

' ဂျွန်လို့... ငါ့ဆီကိုလာ... '

သူ့စကားကို မတုန့်ပြန်။

' လာလို့ဆိုနေ.. လာလို့.. '

' ဘာလဲထယ်ရာ.. ခဏလေးပါဆို '

ထပ်ပြီးခေါ်မလာတော့တာကြောင့် ဂျွန်အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။ အားလုံးပြီးတော့ အကြောဆန့်ကာပင် ကုတင်ပေါ်က ထယ့်ကိုကြည့်လိုက်သည်။ သူ့ကိုကျောပေးကာဖြင့် ကုတ်ကုတ်လေး အိပ်နေသည်။

CLOVER - Volume 2 {Completed}Where stories live. Discover now