🍀43.Clover

3K 376 59
                                    

Unicode

' ဖေဖေ !! ဖေဖေ '

ကျနော့်ချစ်သူဆိုတဲ့ ကောင်လေးနဲ့စကားပြောနေတုန်း အဝေးကကြားရသည့် အသံသေးသေး။

တွန်းတံခါးဖွင့်သံလေးနဲ့အတူ ကြားလိုက်ရသည့် အသံသေးသေးလေးကြောင့် ကောင်လေးရော ကျနော်ပါ တံခါးဝကို လှမ်းကြည့်မိသည်။

အဝါရောင် တီရှပ်လေးကို ဂျင်းဘောင်းဘီလေးဖြင့် တွဲဝတ်ထားသည့် ကလေးသေးသေးလေး။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကလေးလေးဟာ အခန်းကို ဟိုဟိုဒီဒီ ကြည့်ကာဖြင့် ကျနော့်ကိုလည်းမြင်ရော နှုတ်ခမ်းသေးသေးလေးတွေကို ခုံးကာဖြင့် ပြေးလို့လာသည်။

အရှိန်နဲ့ပြေးလာသည့် ကလေးလေးကြောင့် ဂျွန်ဟာကိုင်ထားသည့် ခက်ရင်းကို အမြန်ပြန်ချလိုက်ရင်း ပွေ့ဖက်လိုက်သည်။

ပေါင်ပေါ်တက်လာသည့် ကလေးလေးကိုသာ သူငေးကြည့်နေမိသည်။

' ဖေဖေက သားကိုပစ်သွားတာ။ ဖေဖေက နေကောင်းဖူးလားဟင် '

နှုတ်ခမ်းသေးသေးလေးတွေကို ထော်ကာဖြင့် ပြောလာသည့် ကလေးလေးကို ကြည့်ရင်း သူစိတ်ထဲဝင်လာသည့် ရင်းနှီးမှုလေး..

ကျနော့်သားလေးထင်တယ်..

ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ရင်း သူစနောက်လိုက်တော့ သားလေးဟာ ပြုံးရယ်လို့ရယ်။

' ဘယ်နားက နာနေတာလဲဟင် ဖေဖေက နေမကောင်းနေတာဆို သားကိုနာနာတွေ ကူးမှာစိုးလို့ မတွေ့ခိုင်းတာဆို ဖေဖေကဘာလို့ အကြာကြီး နေမကောင်းဖြစ်တာလဲလို့ '

မိနစ်ပိုင်းလောက်သာကြာတဲ့ အချိန်လေးဆိုပေမယ့် သူသားလေးကို စိမ်းသက်မနေ။ မျက်ဝန်းပြာပြာလေးတွေနဲ့ ဒီကလေးလေးကို သူကြည့်ရင်းနှင့်ပင် အူယားလို့နေသည်။

' အချစ်ဆုံးလေးကို တွေ့လိုက်ရတော့ ဖေဖေ့နာနာတွေအားလုံးပျောက်သွားပြီ။
ဖေဖေနေကောင်းသွားပါပြီ။ '

သူ့ကြောင့် နေမကောင်းတာတွေ ပျောက်ကုန်တယ်လဲဆိုရော တခ်ခ်ရယ်လေသည်။

' အဲ့အသီးစားချင်တာ '

စားပွဲပေါ်က သစ်တော်သီးကို လက်ညိုးထိုးကာ ပြောလာသည့် ဒုံဟွာလေးကြောင့် သူခက်ရင်းလေးနဲ့ထိုးကာ ထိုခက်ရင်းကို ကလေးလက်ထဲ ထည့်ပေးလိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now