Book

879 40 12
                                    

Clover Order ရက်လေးနဲ့ Book Detail လေးကို ယောင်းနည်းနည်းလောက် ကြိုပြောချင်လို့ပါ

Vol.1 ကို ထုတ်ခဲ့တုန်းက နံ့သာသား စာရွက်နဲ့ တော်ဝင်ဆန်ဆန်မျိုးလေး ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု Printing မှာ Creamy သားက ပစ္စည်းပျက်နေတာက တစ်ကြောင်း နံ့သာသားရဲ့ ဈေးက တက်လာတာက တစ်ကြောင်း Clover ရဲ့ အထူက တစ်ကြောင်းမို့ Vol.1 ရော Vol.2 ကိုပါ အဖြူနဲ့ ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လှတာကို ကြိုက်တာ သိပါတယ် ဒါပေမဲ့ အကုန်လုံးအတွက် ခြုံကြည့်လိုက်တဲ့အခါ နှုန်းနှစ်ခုက အရမ်းကွာနေလို့ အဖြူကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်တာပါ။

Vol.1 ဝယ်ယူပြီးသား စာဖတ်သူတွေ အနေနဲ့လည်း ဘာမှစိတ်ပူစရာ မရှိရအောင် PC နဲ့ BM ကိုလည်း အရင်တိုင်းပဲ ထားထားပါတယ်။

Vol.2 မှာတော့ ချစ်စရာ Chibi ပုံလေးနဲ့ Clover ထဲက သေ‌ချာ တွေးယူရမယ့် ဇာတ်ဝင်ခန်း နှစ်ခုကို Artist က ရေးဆွဲပေးထားပါတယ်။ Bookmark ကတော့ Vol.1 ရဲ့ BM ကိုပဲ ပြန်သုံးထားပါတယ်။

Extra အနေနဲ့ကတော့ ကွန်နဲ့ဒုံဟွာလေးတို့ အရွယ်ရောက်လာတဲ့ အချိန်ရယ် ထယ်နဲ့ဂျွန်တို့ အသက်ကြီးလာတဲ့ အချိန်တွေရယ်ကို အကျဉ်းချုံးလေး ရေးထားပြီး လက်ဆောင်လေး အနေနဲ့ ထည့်ပေးထားပါသေးတယ်။

Cover အနေနဲ့ကတော့ သေချာကြည့်မှ ပြောင်းလဲသွားတဲ့ ပုံစံလေးကို မြင်ရမှာဖြစ်ပြီး နှစ်အုပ်လုံးကတော့ theme တူတူလေးပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ Preorder Date လေးပါ ✨
~ May 15 မှာ စကောက်မှာ ဖြစ်ပြီး Deadline ကတော့ June 3 ရက်အထိပါ ~

အချိန်တွေ အများကြီး ရှိတာမို့ အေးဆေး Order တင်နိုင်ပါတယ်ရှင့် ‌စာအုပ်ဈေးနဲ့ တခြား Detail တွေကိုတော့ Preorder နေ့မှပဲ စောင့်ကြည့်ပေးကြပါလို့ 💚

Clover လေးက ယောင်းနောက်ဆုံးထုတ်တဲ့ စာအုပ်လေး ဖြစ်ပြီး ဒုတိယအကြိမ်ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စာအုပ်ထုတ်ရတာ ယောင်းအတွက် စိတ်အရမ်း ပင်ပန်းရလို့ပါ 😆

ဒါပေမဲ့ စာဖတ်သူတွေကို ဝယ်သင့် မဝယ်သင့်လေးကိုလည်း တွေးစေချင်ပါတယ်ရှင့် အားလုံးခက်ခဲနေတဲ့ အချိန်မို့ ရွေးချယ်စရာ အရမ်းများတဲ့အခါ ကိုယ့်အတွက် တကယ်အသုံးတည့်တာကိုပဲ ဝယ်ယူကြပါလို့ ပြောချင်ပါတယ်ရှင်...

ဒီလောက်ပါပဲ... ဆိုတော့...

အားလုံးပဲ အစစအရာရာ ဂရုစိုက်ကြပါ။
အားလုံးပဲ အဆင်ပြေကြပါစေ။















ဒီလောက်ပါပဲ... ဆိုတော့...


CLOVER - Volume 2 {Completed}Where stories live. Discover now