🍀6.Clover

3.2K 413 59
                                    

Unicode

' ဟိတ်.. ကလေးလေး '

ဂျွန်က ဒုံဟွာလေးကို ခါးသိုင်းကြိုး သေချာတပ်ပေးပြီးတော့ အနောက်ခန်းက ထယ်က ကလေးကို စတင်နှုတ်ဆက်လာသည်။ ဒါသည်သူ့ဘဝမှာ ကလေးတစ်ယောက်ကို စတင်နှုတ်ဆက်ဖူးခြင်းပင်။

ခပ်ဝိုင်းဝိုင်း မျက်လုံးလေးတွေက ပြာပြာလဲ့လဲ့ဖြင့် ချစ်စရာ။ အနက်ရောင် ဆံပင်အုပ်အုပ်လေးတွေက ဂျွန်ငယ်ငယ်က အတိုင်းပင်။

နှုတ်ခမ်းသေးသေးလေးနဲ့ ကလေးလေးက ထယ့်ကို ဒီတိုင်းလေးသာ ကြောင်တောင်တောင်လေး ကြည့်နေပြီးနောက်မှ ခေါင်းလေးငုံ့ကာပင် နှုတ်ဆက်လာသည်။

' မင်္ဂလာပါ ဦးဦး '

ချစ်စရာကလေးလေးကို ထယ်အူယားစွာပင် ပါးလေးကို ခပ်ဖွဖွလေး တို့ထိလိုက်သည်။

ဂျွန်ကတော့ ခါးသိုင်းကြိုးကိုတပ်ကာဖြင့် ကားလမ်းကြောကိုသာ ရွေးနေသည်။ မနက်ခင်းဆို လမ်းတွေက ရှုပ်သည်မဟုတ်လား။

' ဖေဖေ။ သား မန်းစားရသေးဘူး '

ဒုံဟွာလေး စကားကြောင့် ဂျွန်ပြုံးကာပင် စားသောက်ဆိုင် တစ်ဆိုင်ကို ဦးတည်လိုက်သည်။ ထယ်ကတော့ ဒုံဟွာလေးကိုသာ ငေးကြည့်နေမိသည်။

ဒီတိုင်းဂျွန်နဲ့တူလွန်းလို့ ချစ်မိတာဖြစ်မယ်။

တစ်ကိုယ်တည်း တွေးရင်း ဒီကလေးလေးနဲ့ ဘယ်လိုရင်းနှီးအောင် လုပ်ရမလဲကိုသာ တွေးတောနေမိသည်။ ကားပေါ်ကဆင်းတော့ ဂျွန်က သားရဲ့လက်သေးသေးလေးကို ကိုင်လိုက်သည်မို့ ထယ်ကလည်း သားရဲ့လက်သေးသေးလေး တစ်ဖက်ကို ကိုင်လိုက်သည်။

သိပ်မကြာ အသာလေး ရုန်းထွက်သွားသည့် ထယ့်လက်ထဲက လက်သေးသေးလေး တစ်ဖက်။

' သားက မင်းကို မရင်းနှီးသေးလို့ပါ ထယ်။ လာပါ သွားရအောင် '

အနည်းငယ် ညိုးနွမ်းသွားသည့် ထယ့်မျက်နှာလေးကို ကျနော်ရိပ်မိနေသည်မို့ သားကိုမ,ချီလိုက်ရင်း သားဖြုတ်လိုက်သည့် ထယ့်လက်လေးကို ဆုပ်ကိုင်လိုက်သည်။

မှိန်မှိန်လေး ပြုံးသည့် ထယ့်မျက်နှာလေးကို မြင်တော့ စိတ်မကောင်း။ အရင်နဲ့မတူ သူစိမ်းတွေကိုဆို ရင်းနှီးလွယ်လို့တောင် မနည်းဆုံးမနေရသည့် သားက ထယ့်ကို သိပ်ခင်မင်သွားလိမ့်မယ်လို့ တွေးထားခဲ့တာ အခုတော့ မဟုတ်ဘူးပဲ။

CLOVER - Volume 2 {Completed}Where stories live. Discover now