🍀10.Clover

3.2K 397 122
                                    

Unicode

' ကိုကို။ ကိုကိုရေ.. '

သစ်ပင်ရေလောင်းနေတုန်း ခြံတံခါးရှေ့က အသံသေးသေးလေးကြောင့် ရေပုံးကို ဘေးနားချလိုက်သည့် ဂျီမင်း။ မျက်လုံးလေးတွေက ရင်ဘတ်လောက်သာ အမြင့်ရှိသည့် ခြံတံခါးလေးကို လှမ်းကြည့်ရင်း နဖူးပေါ်က ဆံပင်တွေကို သပ်တင်လိုက်သည်။

နားကြားမှားတာနေမှာပါ ဆိုပြီး ရေပုံးကို ပြန်ယူလိုက်သော်လည်း ထပ်မံကြားလိုက်ရသည့် အသံသေးသေးလေးကြောင့် ဂျီမင်း ခြေလှမ်းတွေက တံခါးပုနားကို လျှောက်လာခဲ့သည်။

ခြံတံခါးလေးကို ဖွင့်လိုက်တော့မှ တံခါးနားလေးမှာ ရပ်နေသည့် ကလေးလေး။ သူကဒီကောင်လေးကိုမှ မမြင်မိပဲလေ။

' သားကဘယ်သူလဲ '

လွယ်အိတ်အနီလေးကို လက်သေးသေးလေးတွေနဲ့ ဆုပ်ကိုင်ထားသည့် ချစ်စရာ ကလေးလေးကို မြင်တော့ ဂျီမင်း ပြုံးကာပင် ကလေးရှေ့မှာ ကိုယ်လေးကိုင်းကာဖြင့် မေးလိုက်တော့ ချစ်စရာ ကလေးလေးက ခြံထဲကို မျက်လုံးလေး ဝေ့ကြီးကာဖြင့် နှုတ်ခမ်းသေးသေးလေးတွေဖြင့် မေးသည်။

' ကိုကိုရောဟင် ဦးဦး '

' ကိုကို ? ဘယ်သူ့ကိုလာရှာတာလဲ သားရဲ့ '

ကိုကိုဆိုပြီး မေးနေတာကြောင့် ဂျီမင်းတွေးမရသည့် အဆုံးမေးနေတုန်းရှိသေး အနောက်ဖက်က အသံလေး။

' ပါး.. ဟင် ! ဒုံဟွာ '

ခန္ဓာကိုယ်က ပိန်သော်လည်း မျက်နှာလေးကတော့ ချစ်စရာလေးပင်။ သွားစွယ်ချွန်ချွန်လေးတွေက စကားပြောလိုက်တိုင်း မရည်ရွယ်ပါပဲနဲ့ ပေါ်ပေါ်လာတတ်သည်။

ထိုကောင်လေး နာမည်ဟာ ကွန်။

မျက်မှန်အဝိုင်းလေးနဲ့အတူ တီရှပ်အဖြူလေးကို အသားရောင် ဒူးလောက်ရှိ ဘောင်းဘီတိုလေးကို ဝတ်ထားသည့် ကွန်ဟာ လက်ထဲမှာလည်း စာအုပ်လေးတစ်အုပ်ကိုလည်း ကိုင်လို့ထားသေးသည်။

ကြည့်ရတာ စာမရလို့ သူ့ကိုလာမေးပုံရသည်။

' သားသူ့ငယ်ချင်းလား ကွန် '

ဂျီမင်းက ကွန်ရဲ့ဆံပင်နက်နက်လေးတွေကို တစ်ချက် ဖွလိုက်ရင်း မေးလိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now