🍀31.Clover

2.8K 375 64
                                    

Unicode

လသာဆောင်မှာ ရပ်နေရင်းမှ ကြားလိုက်ရသည့် ဂျိန်းခနဲ ဆိုသည့် အသံ။

ကောင်းကင်ကြီးကို ငေးကြည့်လိုက်တော့ မိုးသားတွေက မဲနက်လို့ရယ်။ ဒီလို ရာသီဥတုမှာ ထယ်က တစ်ယောက်ထဲ အပြင်ကို ထွက်သွားတယ်ဆိုတဲ့ အသိ။ ထိုအသိက သူ့စိတ်တွေဟာ ရူပ်ထွေးစေသည်။

သူ့ကို စိတ်ဆိုးပြီး ထွက်သွားတာမို့ အနွေးထည်လည်း ဝတ်သွားမှာ မဟုတ်ဘူး။ ထီးဆို ပိုလိုပင် ဆိုးသည်။

အမြန်ပင် ဖုန်းကို ယူကာဖြင့် ခေါ်ကြည့်တော့ စားပွဲပေါ်မှာ မြည်လာသည့် အသံလေး။

ဖုန်းကိုလည်း ထားသွားပြန်ပြီကွာ။

ဒီတိုင်း လွှတ်ထားလို့ မဖြစ်တာကြောင့် ထီးကို ယူကာပင် ကားပါကင်ကို ထွက်လာခဲ့သည်။ ထွက်သွားချိန်က ဘယ်လောက်မှ မကြာသေးတာမို့ အနီးအနားမှာသာ အရင်ဆုံး လိုက်ရှာမိသည်။

လမ်းတစ်လျှောက်မှာ ဟိုဟိုဒီဒီ ရွေ့လျား နေသော လူတွေကြား ပြေးလွှားနေသော သူဟာ တကယ်ကို ပြာယာခတ်လျက်။ ရှာနေပေမယ့်လည်း တည်နေရာကို မသိသည်မို့ ရှာနေသည့် သူကသာ အရူးတစ်ယောက်လို။

သက်ပြင်း တစ်ချက် ချလိုက်ရင်း ထီးအဆက်နားမှ မိုးစက်တွေကို စိတ်ရူပ်စွာပင် မော့ကြည့်လိုက်မိသည်။

ဒီမိုးတွေတိတ်သွားရင်ကောင်းမယ်..

စိတ်ရူပ်စွာပင် နာရီကို ကြည့်လိုက်တော့ ဒုံဟွာလေး ကျောင်းကြိုချိန်။ ဒီနေ့ အမေက မအားဘူးလို့ ပြောထားတာကြောင့် သူပဲသွားကြိုရမည်။

အချိန်ကလည်း နီးနေပြီမို့ သူကားပါကင်ကိုသာ ပြန်ပြေးရတော့သည်။

မိုးရွာနေသည်မို့ ကားလမ်းကြောဟာ ပိုလိုပင် ပိတ်နေတော့သည်။ လမ်းမှာမြင်နေရသည့် ကျောင်းဝတ်စုံလေးတွေနဲ့ အထက်တန်း ကျောင်းသားလေးတွေကို မြင်တော့ သူပိုလို့ပင် စိတ်ပူရတော့သည်။

သားက သူ့ကို လာမကြိုဘူး ထင်ပြီးများ ငိုနေမလား..?

ဒါမှမဟုတ် ကျောင်းပေါက်ဝလေးမှာပဲ ထိုင်စောင့်နေလေမလား..?

CLOVER - Volume 2 {Completed}Where stories live. Discover now