🍀13.Clover

2.8K 401 74
                                    

Unicode

မျက်မှန်ကို ကိုင်းမှကိုင်ကာပင် ချွတ်လိုက်ပြီး လက်တစ်ဖက်က မျက်ရိုးကို နှိပ်နယ်လိုက်ရင်း
မျက်လုံးတွေကို ခဏမှိတ်ထားလိုက်သည်။

' အကို.. '

သူဌေးက စာချုပ်ကိစ္စ အကိုဂျွန့်ကိုသာ တာဝန်ပေးလိုက်တဲ့လေ။ အဲ့လက်ပေါက်ကပ်သည့် ပန်းချီဆရာ ဆိုတာကလည်း အကိုဂျွန့်လို လူနဲ့မှ အဆင်ပြေမည်မို့ ဂျီယွန်း ဒီတစ်ခါတော့ ဘာတစ်ခွန်းမှ အတွန့်မတက်ပဲ ဖိတ်စာလေးကို ရုံးခန်းကို ယူလာခဲ့သည်။

တံခါးတစ်ချက်ခေါက်ကာပင် ခေါင်းလေးဝင်ကြည့်လိုက်တော့ ပင်ပန်းနေပုံပေါ်သည့် အကိုဂျွန်။

' ပြောလေ ဂျီယွန်း '

ဘေးနားကို ရောက်လာပြီး ဘာကိုမှမပြောပဲ ဒီတိုင်းသာ ရပ်ကြည့်နေသည်မို့ ဂျွန်က လက်ခုံဖြင့် မျက်လုံးတွေကို ပွတ်ရင်း မေးလိုက်သည်။

' ကျနော်နှိပ်ပေးရမလား '

အပြောထပ် မြန်သည့် ဂျီယွန်းလက်တွေက ဂျွန်ဂုတ်ပေါ် ရောက်လို့နေပြီ။

' ရတယ်။ ကိုယ်အဆင်ပြေပါတယ် '

လက်တွေကိုတောင် မကိုင်.. ဒီတိုင်းလေး တွန်းဖယ်လာသည့် အကို။

' အကိုအဆင်ပြေရင်ပြီးတာပဲလေ သူဌေးက ပန်းချီပြခန်းတစ်ခုကို သွားခိုင်းထားတယ် '

ဂျီယွန်းက ဖိတ်စာလေးကို အလုပ်စားပွဲပေါ် တွန်းပို့ရင်း ပြောတော့ ဂျွန်က မျက်လုံးလေးပြူးကာပင်။

' ဘယ်သူ့ပြပွဲလဲ '

' ဒီတစ်ခါ ကမ်းလှမ်းမယ် ပန်းချီဆရာ.. ဆရာက သိပ်ကို ဇီဇာကြောင်လို့ အကိုနဲ့မှ ဖြစ်မယ်တဲ့လေ '

ဂျီယွန်းစကားကြောင့် ဂျွန်ပြုံးလိုက်ရင်း ဖိတ်စာကို ယူလိုက်သည်။

ဖွင့်ကြည့်လိုက်တော့..

' ဟင် နှစ်နာရီထဲ '

ဖိတ်စာကို ဖွင့်လိုက်တော့ ပြခန်းရဲ့ကြာချိန်က နှစ်နာရီသာ..

' အဲ့ဒါပြောတာပေါ့ အကိုနဲ့မှဖြစ်မှာပါတဲ့ '

' ဟုတ်ပြီလေ။ ဒါဆိုကိုယ်သွားတော့မယ် မင်းမလိုက်နဲ့တော့ ဇာတ်ညွှန်းကိုသာ အာရုံစိုက်ရေးနေ '

CLOVER - Volume 2 {Completed}Where stories live. Discover now