🍀14.Clover

2.9K 416 63
                                    

Unicode

ထိုင်ခုံလေးပေါ်မှာ ဒူးလေးနှစ်ဖက်ကို ထောင်ကာဖြင့် ကုတ်ကုတ်လေး ထိုင်နေသည့်
ထယ့်ကိုမြင်တော့ ဂျွန် ထယ့်နားက ခုံလေးကို ဆွဲယူရင်း ဝင်ထိုင်လိုက်သည်။

ဘေးနားမှာ ဝင်ထိုင်လာသည့် ဂျွန့်ကို ထယ့်က ဒီတိုင်လေးသာ ငေးကြည့်လို့နေသည်။

' မစားသေးဘဲနဲ့ ဘာလုပ်နေတာလဲ ထယ်။ ဗိုက်ဆာနေရောပေါ့ '

' မင်းကရောဟင်.. မင်းကရော မစားဘူးလား '

ငါက မင်းနဲ့ အတူတူ စားချင်လို့ စောင့်နေတာ..

' ငါကသားနဲ့စားခဲ့ပြီလေ ထယ်။ '

' ဟုတ်လား။ အဲ့ဒါဆိုလည်း ဘေးမှာစောင့်နေပေး။ မင်းသိတယ်မလား ငါတစ်ယောက်ထဲ မစားချင်ဘူး '

ဂျွန်က ခေါင်းလေးညိတ်ကာပင် ထယ့်နားလေးမှာ ထိုင်စောင့်နေပေးသည်။

စားချင်စိတ် မရှိဘူးလို့ ပြောရင် ဂျွန်ကငြိုငြင်လိမ့်မယ်..

မင်းငါ့ကိုအချိန်ပေးပါ့လားလို့ စိတ်ထဲက ရှိတဲ့အတိုင်းသာ ထုတ်ပြောလိုက်ရင် ဂျွန့်အတွက်
ဖိအားဖြစ်လိမ့်မယ်..

အတွေးနယ်မှာ နစ်မြုပ်လျက် ခေါက်ဆွဲကိုသာ ငုံ့စားနေလိုက်သည်။

ပုခုံးပေါ် ကျလာသည့် ခပ်လေးလေး အရာကြောင့် လှုပ်ရှားနေသည့် နှုတ်ခမ်းလေးက ရပ်တန့်သွားကာ ဘေးကို ကြည့်လိုက်တော့ သူ့ပုခုံးပေါ် မှီလျက် ငိုက်ကျနေသော ဂျွန်။

ပင်ပန်းနေပုံပဲ..

ဘေးနားက တစ်ရှူးဖြင့် နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်း ဖိသုတ်လိုက်ကာ ဂျွန့်မျက်နှာလေးကိုသာ ငေးကြည့်နေမိသည်။

ဂျွန်အိပ်နေပုံကို ကြည့်ရတာ သက်သောင့်သက်သာမဖြစ်သည်မို့ ခုံလေးကို ဂျွန့်နားတိုးသွားရင်း ရင်ခွင်ထဲ ထည့်ကာပင် ဂျွန့်ရဲ့ဆံပင်နက်နက်လေးတွေကို အသာလေး ပုတ်ရင်း ငြိမ်နေမိသည်။

' အလုပ်လုပ်ရတာကိုလည်း မကြိုက်ဘဲနဲ့ ဘာလို့အလုပ်တွေ အရမ်းလုပ်နေတာလဲ ဂျွန် '

သားကိုမင်းသိပ်ချစ်တာပဲလား..

ဝေ့တက်လာသည့် ခံစားမှုက ဘာလဲဆိုတာ သူသေချာမသိတော့ဘူး။

CLOVER - Volume 2 {Completed}Where stories live. Discover now