🍀51.Clover

3.3K 394 79
                                    

Unicode

ဒီနေ့ရဲ့ ရာသီဥတုက ကြည်လင်သည်။ အဖြူရောင် တိမ်စိုင်တွေက အပြာရောင် ကောင်းကင်ကို နောက်ခံထား၍ ရွေ့လျားလို့နေသည်။

တိမ်စိုင်စုလေး တစ်စုကို လိုက်ကြည့်‌ရင်း ယူဆော့ နှစ်ခြိုက်စွာ ပြုံးလိုက်၏။

တစ်ဆက်ထဲမှာတင် ဒီလို ခံစားချက်မျိုးပါလားလို့လည်း တွေးလိုက်မိသည်။ ညီဟာ အမြဲတမ်းလိုလို ကောင်းကင်ကြီးကို‌ မော့ကြည့်နေတတ်သည်။ မမြင်ရပေမယ့်လည်း ညီက သဘောတကျ ငေးနေတတ်သည်။

ညီက ပြောဖူးသည်။

အပြင်မှာ ကောင်းကင်ကြီးက ပြာလဲ့လဲ့ပဲဖြစ်နေဖြစ်နေ မီးခိုးရောင်လို ခပ်မှောင်မှောင်ပဲဖြစ်နေဖြစ်နေ သူ့စိတ်ကူးထဲမှာတော့ ကောင်းကင်ကြီးက အမြဲတမ်း ပြာလဲ့နေတာတဲ့။

ဒါဟာ ညီပြောခဲ့ဖူးတဲ့ စကားတွေထဲက သူအမှတ်ရနေသည့် စကားလေး တစ်ခု။

ဖုန်းကို ထုတ်လိုက်ရင်း ခြံထဲမှာ ရပ်ထားသည့် ကားတစ်စီးနားကို လျှောက်သွားလိုက်သည်။

သူ ဒီနေ့ ညီ့ဆီကို သွားမည်။ မတွေ့ရတာကြာပြီမို့ ညီမျက်နှာလေးကို လွမ်းမိသည်။ ညီဆိုတာ သူ့ကို အဲ့သလောက်အထိ လွှမ်းမိုးထားသည်။

အပြုံးပွင့်တွေကို ဖြန့်ကျဲရင်း တက်ကြွစွာ ကားတံခါးကို ဖွင့်လိုက်တော့ ခြံရှေ့က ကားဟွန်းတီးသံ။ စူးစမ်းသည့် မျက်လုံးတွေနဲ့ ခြံတံခါးဝကို ကြည့်မိတော့ ဆွန်း။

ကားတံခါးကို ပြန်ပိတ်လိုက်ပြီး ခြေတစ်လှမ်းမှ မရွေ့ဘဲသာ ထိုနေရာမှာ ရပ်စောင့်နေလိုက်သည်။

ဒီတစ်ခါတော့ ဆွန်း တစ်ယောက်တည်းပင်။ ဟာဝီလည်း မပါ။ အရင်ဆို ဟာဝီက ဆွန်းနောက်က တကောက်ကောက်နဲ့ မျက်စိနောက်စရာ။

' ဆွန်း။ '

အနားကို ပြေးလာသည့် ဆွန်းက သူ့ကိုမြင်တာနဲ့ ပြုံးပြသည်။ အဲ့အပြုံးကို မနှစ်သက်သော်လည်း စိတ်ကိုသက်သာစေလို့ သဘောတော့ ကျမိသည်။

ဆွန်းသာ ပြုံးမပြရင်။ ဆွန်းသာ မျက်နှာမှိုင်းနေလျှင် အလုပ်ကိစ္စတွေများ အဆင်မပြေလို့လားဆိုပြီး သူကပဲ စိုးရိမ်ရမည်။

CLOVER - Volume 2 {Completed}Where stories live. Discover now