🍀7.Clover

3.2K 411 52
                                    

Unicode

ဘတ်စ်ကား မှတ်တိုင်မှာ ထိုင်စောင့်နေရင်း ဂျွန့်အတွက် နေ့လည်စာဘူးပြင်ဖို့ ဆုံးဖြတ်လိုက်သည်။

အရင်တုန်းကဆို ဂျွန်ကပဲ သူ့ကိုနေ့လည်စာ ဘူးလာပို့ပေးတာမလား ဒီတစ်ခါတော့ သူဂျွန့်ဆီကို
နေ့လည်စာသွားပို့ပေးချင်သည်။ ဟင်းချက်နည်းတွေကိုလည်း အင်တာနက်ကပဲ ကြည့်ပြီး ချက်ရမှာမို့ အဆင်ပြေပါ့မလားဆိုတာတော့ မသေချာ။

ဒါပေမဲ့လည်း ဂျွန်ကသဘောကျမှာပါ..

စိတ်လှုပ်ရှားစွာပင် တစ်ယောက်ထဲတွေးကာဖြင့် ပြုံးလိုက်မိတော့ အမြန်ပင် ဘေးဘီတောင်
လှမ်းကြည့်လိုက်ရသေးသည်။

တစ်ယောက်ထဲ ရယ်နေတယ်ဆိုပြီး အရူးလို့ထင်သွားမှဖြင့်။

ဘတ်စ်လည်းလာရော မားကတ်တစ်ခုကို ဝင်ကာဖြင့် ဈေးဝင်ဝယ်လိုက်သည်။ လိုအပ်တာတွေ ဝယ်ပြီးတော့ ပြင်ဆင်ဖို့ အတွက် တိုက်ခန်းကိုသာ ပြန်လာခဲ့လိုက်သည်။ သူ့ကွန်ဒိုမှာဆို ဆန်တစ်စေ့တောင် ရှိမှာမှမဟုတ်တာ။

အေပရွန်ကို ဝတ်လိုက်ကာဖြင့် စတင်ပြင်ဆင်လိုက်သည်။ အားလုံးပြီးတော့ ပွစိတက်နေသည့် စားပွဲကို ပြန်ရှင်းလိုက်ရသည်။ ဂျွန်ကသပ်ရက်တာကို ကြိုက်တာ မဟုတ်လား။

မီးဖိုချောင်ကိုပါ သပ်ရက်အောင် ရှင်းလင်းလိုက်ပြီးနောက် ဂျွန့်ဆီသွားဖို့ပြင်လိုက်သည်။

တက်ကြွနေသည့် ထယ်က တီရှပ်အပြာနုလေးကို ဂျင်းအပြာနုလေးဖြင့် ဝတ်ထားသည်မှာ ဆယ်ကျော်သက်လေးတစ်ယောက်လို။

အာ..။
ကုမ္ပဏီကိုမှမသိသေးတာ ဘယ်လိုသွားရပါ့..

ဂျွန့်ဆီကိုဖုန်းဆက်ရမယ်..

ဂျွန့်ဆီကိုသွားချင်ဇောဖြင့် ထယ်ဟာ ဖုန်းကိုယူကာဖြင့် နှိပ်လိုက်သည်။

တစ်က မင်ဖြစ်ပြီး နှစ်က ဘာကြောင့်များ ငါဖြစ်ရသည်လဲဆိုသည့် အမေးတစ်ခွန်းကိုသာ ဂျွန်ကမေးလာမည်ဆိုလျှင် ကျနော်ဟာ ပြုံးကာပင် ပြန်ပြောလိုက်ပါမည်။

အရေးပါဆုံး လူက မင်ဖြစ်ပြီး အချစ်ရဆုံး လူက မင်းဖြစ်နေပါတယ်လို့။

CLOVER - Volume 2 {Completed}Where stories live. Discover now