🍀1.Clover

4.6K 476 103
                                    

Unicode

နူးအိအိ ကုတင်ပေါ်က ခြေတစ်လှမ်းမှတောင် မရွေ့ရဲ။ ခြေချလိုက်သည်နှင့် အေးစက်သွားရသည့်
သက်မဲ့ ကြမ်းပြင်ကတောင် သူ့စိတ်ကို ခြောက်လှန့်လို့ နေသည်။ လက်တွေနဲ့ ဟိုဟိုဒီဒီ လျှောက်စမ်းရင်း
ခြေကျင်းဝတ်နားက ချူလုံးလေးတွေ။ ဒါက ခြေချင်းတစ်ခုပဲ။

အဲ့လောက်တောင် ထွက်ပြေးမှာ ကြောက်နေလား..

ဟက်ခနဲ ရယ်လိုက်ရင်း ဘေးနားက ပန်းအိုးလို့ ထင်ရသည့် အေးစက်စက် ကြွေအိုးတစ်အိုးကို မကာပင် ကိုင်ပေါက်လိုက်သည်။

ခွမ်းခနဲ ကြားလိုက်ရသည့် အသံအရ နံရံကိုမှန်သွားသည်တော့ မဖြစ်နိုင်။ မှန်ကွဲသံပါ ကြားလိုက်ရသည်မို့ ထိုနေရာကို ဖြေးဖြေးချင်းသွားလိုက်တော့ လက်ကောက်ဝတ်ကို ဆွဲဆောင့်ခြင်းခံလိုက်ရသည်။

' အရှေ့မှာ မှန်စတွေရှိတယ်။ '

အပြင်သွားစရာရှိတာနဲ့ ညီ့ကိုဝင်နှုတ်ဆက်မလို့ တံခါးဖွင့်လိုက်ရင်း မျက်နှာရှေ့ကို လွင့်ပျံ့လာသည့် ပန်းအိုးငယ်။ လျင်မြန်သည့် ယူဆော့က အသာရှောင်လိုက်နိုင်ပေမယ့် ဘေးနားက တီဗွီကိုမှန်ကာ ထိုမှတစ်ဆင့် လွှင့်စင်လာသည့် ဖန်ကွဲစတွေကိုတော့ သူမရှောင်လိုက်နိုင်။

စိုက်ဝင်သည်မဟုတ်ဘဲ ဖြတ်ပြေးသွားသည့် မုန်စတချို့က ယူဆော့ လည်ပင်းထံ..

နာကျင်သွားသော်လည်း နည်းနည်းလေးမှ မညည်းညူမိပါ။

သို့သော် ဖြေးဖြေးချင်း ထလာသည့် ညီ့က ဘယ်တုန်းက ထိုမှန်စတွေနား ရောက်နေမှန်း မသိလိုက်။ တော်သေးတာပေါ့ လှမ်းဆွဲလိုက်လို့ မဟုတ်ရင် မှန်ကွဲစရောနေသည့် ဖန်ကွဲစတွေကို နင်းမိတော့မှာ..

ချွဲယူဆော့ စကားကြောင့် ထယ်ဟျောင်း ပြုံးလိုက်သည်။

သိပ်ကို တန်ဖိုးရှိနေပုံရသည့် ဒီကိုယ်ကို စိတ်ပျက်လှတာကြောင့် မှန်ကွဲစတွေ ရှိနေပါတယ်လို့
ဆိုသည့် နေရာကို အရှိန်နဲ့ ပြေးသွားလိုက်သည်။

' ညီ။ ဟာကွာ ! အပြင်မှာ ဘယ်သူရှိလဲ ? ဆေးဘူးယူပြီး အမြန်ဝင်လာခဲ့ '

CLOVER - Volume 2 {Completed}Where stories live. Discover now