🍀37.Clover

2.8K 370 56
                                    

Unicode

ဆေးရုံတွန်းတံခါးကို ဖွင့်မယ်လုပ်တော့ သူ့လက်ကို ဆွဲကိုင်လာသည့် လက်တစ်ဖက်။ ကြည့်လိုက်တော့ ထိုလက်ပေါ်မှာ တည်နေသည်က လက်ရာမြောက်သော ကြာပန်းတစ်ပွင့်။

နောက်လက်တစ်ဖက်ကို ကြည့်လိုက်တော့ ဆွဲကိုင်ထားသည်မှာ စုံလင်နေသည့် အသင့်စား မုန့်‌ထုတ်တွေ ပါဝင်သည့် ကြွပ်ကြွပ်အိတ်ကြီးတစ်လုံး။

' ဦးလေး ကျနော့်ကိုအပြင်လိုက်ပို့ပေးပါလား '

ယူဆော့စကားကြောင့် LV မျက်မှောင်ကျုံလိုက်သည်။

တွေ့လား သူဘယ်သူလဲဆိုတာတောင် မသိဘဲနဲ့ အကူအညီလိုက်တောင်းနေတာ။

သူမရှိရင် အပြင်မထွက်ပါနဲ့လို့ ဒီလောက်မှာထားတာကို ထွက်ဖြစ်အောင် ထွက်သေးတာ။

' ဦးလေးလုပ်ပါဗျာ.. '

သူ့လက်ကိုဆွဲကာဖြင့် တောင်းဆိုနေသည့် ယူဆော့။ အဖြူရောင် ဆေးရုံဝတ်စုံ။ စီးထားသည်က ကွင်းထိုးဖိနပ်ပါးပါးလေး။

ဒီဖိနပ်လေးနဲ့ ဒီဝတ်စုံပါးပါးလေးနဲ့ အပြင်ကိုထွက်ချင်တာတဲ့လား..?

စည်းခံထားရသည့် ယူဆော့ရဲ့မျက်လုံးတွေ။

ပတ်တီးဖြူဖြူအောက်က မျက်ဝန်းလေးတွေက ဘယ်လိုများတည်ရှိနေမည်လဲ..

ယူဆော့ မျက်လုံးတွေက ပြန်မမြင်နိုင်ခဲ့သည်မှာ ယခုအချိန်ထိပင်။

' လိုက်ပို့ပေးမယ် '

' ဟင် !! ဆွန်း။ မင်းလား.. '

ပြုံးယောင်သမ်းသွားသည့် သူ့မျက်နှာလေး။ အဲ့နေ့က ဟန်ဆောင်နေတဲ့ ယူဆော့။

မင်းငိုလိုက်လို့ရပါတယ်လို့ပြောမှ ငိုချလာသည့် ယူဆော့။

မင်းကိုငါဘယ်လိုလုပ်ပေးရင်ကောင်းမလဲ..

' ဆွန်း။ ဒီမုန့်ကစားလို့ကောင်းတယ်။ '

ခုံတန်းလေးမှာ ထိုင်ကာဖြင့် သူ့လုပ်သမျှကိုသာ ငေးကြည့်နေမိသည်။

ခြေထောက်လေးတွေကို လှုပ်ကာဖြင့် စားချင်တာ စားနေရသည့် ယူဆော့ကရွှင်ပြလို့နေသည်။

CLOVER - Volume 2 {Completed}Where stories live. Discover now