Behind The Scenes - Five ( U+Z )

537 34 0
                                    

FIVE ~ START ( uni )
""""""""""""""""""""""""

ဒီနေ့ တရုတ်သို့ ပြန်တော့မည်ဖြစ်ရာ
လေးယောက်လုံး airport သို့ရောက်နေကြပြီ ဖြစ်သည်။

"လေယာဉ်အချိန်နီးပြီနော် ကလေးနှစ်ယောက်... မြန်မြန်စားမယ်။''

အစ်ကိုဂျွန်မြောင်၏ ဆော်ဩသံကြောင့် စားလက်စ ဘာဂါအား အမြန်လက်စသတ်လိုက်ကြသည်။ စောရောက်နေ၍ အဆာပြေမုန့်ဝင်စားဖြစ်ကြပြီး အခုတော့ လေယာဉ်ပေါ်တက်ရတော့မည်။

ထို့မတိုင်ခင် အစ်ကိုဂျွန်မြောင်၏ ညီဝမ်းကွဲစုံတွဲ လာရောက်နှုတ်ဆက်၍ ခဏဆိုကာ ထွက်သွားလေသည်။ ကျန်ခဲ့သည့် ကျွန်တော်တို့ကတော့ ပြန်ရောက်လျှင်လုပ်ရမည့် ကိစ္စရပ်များအား အပြန်မလှန်ပြောဆိုနေခဲ့ကြသည်။

ပြောနေရင်း မရည်ရွယ်ပါဘဲ အစ်ကိုဂျွန်မြောင်တို့အုပ်စုထံ အကြည့်ရောက်သွားသေးသည်။ သို့ပေမဲ့ ကြာကြာပင်မကြည့်လိုက်ရ... ရင်းနှီးနေသည့်မျက်နှာကြောင့် အမြန်အကြည့်လွှဲကာ ကျောပေးရပ်လိုက်မိသည်။ ရိပေါ်နှင့် ရီရှင်းကောကတော့ ထူးဆန်းသလိုကြည့်နေကြပြီး ပြုံးတုံ့တုံ့နှင့်သာ ရူးချင်ယောင်ဆောင်လိုက်ရသည်။

ဘယ်လိုအံ့ဩပြရမှန်းတောင် မသိတော့ဘူး။ တွေ့တွေ့နိုင်လွန်းတယ် တကယ်ကို ၊ အခုရော ဘာလာလုပ်ပြန်တာလဲ သူက ။ မဟုတ်မှ လေယာဥ်တစ်စင်းတည်းတော့ မဟုတ်လောက်ဘူးမလား။

သူ့အကြောင်းသာ ဆက်တိုက်တွေးနေမိပြီး တွေးမိလေ အကြိမ်ရေထပ်လာသည့် ရင်ခုန်သံကြောင့် နေတောင်မနေတတ်တော့။ မိမိကိုယ်ကိုလည်း အံဩသလို အခုလိုဖြစ်နေတာကြီးကိုလည်း သဘောမတွေ့ပေ။ ကျွန်တော့်မှာ ရီရှင်းကောရှိသည် မဟုတ်ပါလား။

ပြန်တွေးကြည့်မှ ရီရှင်းကောကိုတောင် အခုလို ရင်မခုန်ခဲ့... ငယ်စဥ်ကတည်းက အလိုလိုက် အကြိုက်ဆောင်သဖြင့် သဘောကျခဲ့ပြီး အတူရှိနေလျှင် ပျော်အောင်ထားတတ်သောကြောင့် အမြဲရီရှင်းကောနောက် တကောက်ကောက်လိုက်ခဲ့သည်။ ထို့နောက် ရီရှင်းကောဘက်မှ ဖွင့်ပြောလာရာ ချက်ချင်းပင် ဝမ်းသာအားရ လက်ခံခဲ့တော့သည်။

တွဲတာမကြာသေးပေမဲ့ အရင်ကတည်းက အတူရှိခဲ့သည်မို့ ရီရှင်းကောတစ်ယောက်သာ အာရုံထဲရှိပြီး တခြားဘာမှစိတ်ထဲမရောက်ခဲ့ပေ။ ထိုနည်းတူစွာ ရီရှင်းကောသည်လည်း ကျွန်တော့်တစ်မျက်နှာသာ ကြည့်နေခဲ့သည်။ အခုတော့ ကျွန်တော့်ဘက်မှ စတင်အာရုံထွေပြားလာသည်တဲ့လား။

Love  is  fair [Completed]Where stories live. Discover now