ကိုယ့်ရဲ့တောင်းဆိုမှုဟာ ကလေးအတွက် ခက်ခဲမယ်ဆိုတာ သိပေမဲ့ မထင်မှတ်ထားစွာနဲ့ပဲ ကလေးဘက်က ကြည်ကြည်ဖြူဖြူ လိုက်ရောပေးခဲ့သည်။ ဝမ်းသာလွန်းလို့ ဘယ်လိုမှ ဟန်မဆောင်နိုင်ဘဲ မျက်ရည်ကျမိတော့ ရင်ခွင်ထဲငြိမ်ငြိမ်လေး နေပေးလေရဲ့။
အမြဲတမ်းမျှော်လင့်ခဲ့ရတဲ့ ကလေးနဲ့အတူ မနက်ခင်းနိုးထမှုလေးဟာ အခုချိန်မှာတော့ လက်တွေ့ဖြစ်လို့လာခဲ့ပြီ...။ ကလေးအိပ်နေတုန်း နှုတ်ခမ်းပါးလေးကို ခိုးနမ်းတာကိုတော့ အခွင့်အရေးယူတယ်လို့ မထင်စေလို...။ အရှက်အကြောက်ကြီးတဲ့ ကလေးအတွက် ဒါကအသင့်တော်ဆုံးပင်။
ကိုယ့်ကို အနေရခက်ပြီး အရှက်ပိုနေမှန်း သိပေမဲ့ မတက်နိုင်...။ ဆေးရုံမှာထဲက အကျင့်လုပ်ထားပေးသော်လည်း ကလေးအတွက် ကိုယ်က သူစိမ်းသာသာ ဖြစ်နေသေးသည်။ တစ်ဆင့်ချင်း နီးစပ်ကြတာပေါ့ ဟျွန်းငယ်။ ဒီအခြေအနေရောက်ဖို့တောင် ကိုယ်ဘယ်လောက်ထိ စောင့်စားခဲ့ရလဲ။
မျက်နှာတစ်ခုလုံး တစ်ရှုံ့ရှုံ့နမ်းနေတာတောင် ပေါက်စက တစ်ချက်မလှုပ်။ အိပ်ယာတစ်ခါတစ်ခါနှိုးရတာလဲ စကားလောက်ကို လေမတိုး... ချော့သိပ်နေသလို။ လည်တိုင် ဖြူဖြူကြော့ကြော့လေးကို ခပ်ပြင်းပြင်း တစ်ချက်လောက် နမ်းရှိုက်လိုက်မှသာ *အင်း...အဲ* ဆိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။
"ဟျွန်းငယ်... ကလေး . ၉နာရီကျော်နေပြီ။ ပြီးမှပြန်အိပ်လေ... ဆေးသောက်ရဦးမှာမို့ မနက်စာလေး ထစားလိုက်ဦး... နော်!"
"........."
ကလေးနိုးတာနဲ့ မနက်စာ အဆင်သင့်ဖြစ်နေအောင် စောစောထပြီး ပြင်ဆင်ထားရသေးသည်။ Sleeping Beauty လေးရဲ့ မျက်နှာတော်ကို ရှုစားမပျက်ဖို့ရာ အိမ်အကူ ခေါ်ချင်သော်လည်း လောလောဆယ်တော့ နှစ်ယောက်ထဲ နေချင်သေးသည်။
"သည်းငယ် . ထကွာ... ။"
လက်ဖျားလေးတွေနမ်းရင်းနဲ့ ကျောကနေထိန်းကာ ဆွဲထူတော့ ငုတ်တုတ်တာ့ထထိုင်ပါရဲ့ မျက်လုံးကမပွင့်သေး။ အဲတော့လဲ ဒီအတိုင်းလေးသာ ရေချိုးခန်းထဲ ပွေ့ချီသွားရတော့သည်။ ဘေစင်ဘေးက လွတ်တဲ့နေရာပေါ် ထိုင်ခိုင်းရင်း မျက်နှာသစ် သွားတိုက်ပြီးသည်အထိ မှိန်းကောင်းတုန်းရှိသေးသည်။ အအိပ်က ဘယ်လိုတောင်မက်သလဲမေး။