လူကသာ အလုပ်စားပွဲမှာ ကျကျနနထိုင်ပြီး အလုပ်လုပ်နေတယ် ထင်ရပေမဲ့ စိတ်ကတော့ မနေ့ညကနေကို... မိုးမလင်းတော့ဘူး။ သည်းငယ်ပေးတဲ့ အနမ်းတွေကြောင့် ညကလဲအိပ်မပျော်သလို ဘာမှမစားဘဲ ရင်ပြည့်သလိုဖြစ်ပြီး ဒီမနက် breakfast တောင်စားမလာခဲ့ဘူး။ ကိုယ်ဗိုက်ဆာမှာဆိုးလို့ နေ့ခင်း သူစားမယ့် cake လေးကို company ရောက်ရင်စားဆိုပြီး သူမစားဘဲ ကိုယ့်အတွက် ထည့်ပေးလိုက်လေရဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။
အခုတော့ ရုံးရောက်ရောက်ချင်း အတွင်းရေးမှူးကို ကော်ဖီဖျော်ခိုင်းပြီး cake လေးကို အလှထိုင်ကြည့်နေရသည်။ မစားရက်ဘူးကွယ်။ ကော်ဖီသောက်လိုက် laptop ဘေးက cake လေးကိုကြည့်လိုက်နဲ့ ပြုံးစိစိဖြစ်နေတဲ့ ကိုယ့်ကို သူများတွေမြင်ရင်တော့ တစ်မျိုးတစ်မည် ထင်ကြမှာမလွဲဘူး သည်းငယ်ရေ။ ကိုယ်က နေမြင့်မှမဟုတ်ဘူး... သည်းငယ်နဲ့ပတ်သက်ရင် အချိန်တိုင်း အရူးရင့်နေပြီ။
"ဖုန်းဆက်လိုက်ရင် ကောင်းမလား။''
Company ရောက်တာ ၁၅မိနစ်သာသာပဲရှိသေးပေမဲ့ အိမ်နဲ့ဝေးတာကြောင့် ၂နာရီကျော်ကြာနေပြီဖြစ်သည်။
"ပြန်အိပ်နေလောက်မလား...။''
ကိုယ်နဲ့မနက်စာအတူစားပေးဖို့ စောစောထပြီး ကိုယ် company သွားမှ ပြန်အိပ်တတ်သည်။ ဒေါ်ကြီးလာနှိုးလျှင် နေ့လည်စာ ထစား၊ သရေစာစားပြီးတာနဲ့ တစ်ခေါက် ထပ်အိပ်တတ်သေးသည်။ ကိုယ်သာ အိမ်မှာရှိပါက သည်းငယ်အိပ်တာ ထိုင်ကြည့်နေမိမှာအမှန်။ အခုတော့.....
"ဟေ့ကောင်''
အတွေးထဲနစ်နေတုန်း ခေါ်သံလာရာ ကြည့်မိတော့ ကင်ဂျုံအင်က တံခါးကိုမှီပြီး လက်ပိိုက်ကာ ကိုယ့်ကို ထူးထူးဆန်းဆန်းအကြည့်ကြီးနဲ့ ကြည့်နေလေရဲ့။ အနောက်မှာလဲ အတွင်းရေးမှူးက မျက်လုံးအပြူးသားနဲ့ တောင့်တောင့်ကြီး ရပ်နေသေးသည်။
"ငါတို့ဒီမှာရပ်နေတာ ၅မိနစ်လောက်ရှိပြီ။ တံခါးခေါက်သံမကြားတာထက် လူနှစ်ယောက်လုံးရပ်နေတာ မသိရအောင် မင်းအာရုံက ဘယ်တွေရောက်နေတာလဲ။''
ဂျုံအင်က အတွင်းရေးမှူးကို ပြန်လွှတ်လိုက်ပြီး အလုပ်စားပွဲဆီ တန်းတန်းမတ်မတ် လျှောက်လာသည်။ ထုံးစံအတိုင်း ပွစိပွစိလုပ်ရင်းနဲ့ပေါ့။ ပြီးနောက် laptop ကို ငုံ့ကြည့်ပြီး...