လက်တစ်ဖက်ထဲနှင့် ကားမောင်းနေရင်း ရင်ခွင်ထဲအိပ်မောကျနေသော ငမူးလေးအား ကျန်လက်တစ်ဖက်ဖြင့် ထွေးပွေ့ထားသည်။ မြင်နေကျမဟုတ်သော ဟျွန်းငယ်၏ ပုံစံအသစ်အား မြင်တွေ့လိုက်ရသဖြင့် ပို၍ပင် သဘောကျမိသည်။
ငမူးလေးက ကိုယ့်ပေါင်ပေါ် ရဲရဲတင်းတင်း တက်ထိုင်နေလိုက်တာများ အံဝင်ခွင်ကျ။ မူးနေသဖြင့် ရှက်ဖို့မေ့နေပုံရ၏။ အခုလဲ ခါးကိုတင်းနေအောင်ဖက်ထားပြီး ရင်ဘတ်ပေါ်ပါးအပ်ကာ စိတ်ချလက်ချ အိပ်နေသေးသည်။
မီးပွိုင့်မိနေတုန်း ဟျွန်းငယ် သက်တောင့်သက်သာရှိစေရန် ဘေးခုံသို့ ခြေထောက်ကိုဆန့်တန်းစေလိုက်ပြီး တစ်စောင်းအနေအထားဖြင့်သာ နေစေသည်။ ခါးလိမ်နေမှာဆိုးသော်လည်း ငမူးလေးက ဇိမ်ကျနေသည်ထင်၏... ဟောက်သံပိစိလေးပင် ထွက်နေသေးသည်။
Dinner မပြီးခင် ထွက်လာတာတောင် အိမ်ရောက်တော့ ည ၉နာရီကျော်နေပြီဖြစ်သည်။ ဦးလေး စောင့်နေပေးလို့သာ တော်သေးသည်။ မဟုတ်ရင် ဒီငမူးလေးနှင့် ခြံတံခါး ဘယ်လိုဆင်းဖွင့်ရမှန်းမသိပေ။ ဦးလေးကိုသာ အားနာနာနှင့် ကျေးဇူးတင်ကြောင်းပြောပြီး ငမူးလေးအား ပွေ့ချီကာ အိမ်ထဲဝင်လာလိုက်တော့သည်။
ကုတင်ပေါ်ချပေးတော့ ဟိုဖက်လှည့်ကာ ငြိမ်ပြီးဆက်အိပ်နေသည်။ ဖိနပ်နှင့်ခြေအိတ် ချွတ်ပေးလိုက်ပြီး သန့်ရှင်းရေးလုပ်ပေးရန်အတွက် ရေချိုးခန်းထဲမှ လိုအပ်သည်များယူကာ ပြန်အထွက် မြင်လိုက်ရသော မြင်ကွင်းကြောင့် လက်ထဲရှိသမျှ အကုန်လွတ်ကျသွားရသည်။
ကုတ်အင်္ကျီအပေါ်ဝတ်ရော ဘောင်းဘီပါ
ကုတင်အောက်ရောက်နေပြီး မှောက်ခုံအနေအထားဖြင့် အောက်ခံဘောင်းဘီကို နောက်ပြန်လှမ်းချွတ်နေသော ပေါက်စ။ အောက်ခံဘောင်းဘီမှာ တစ်ဝက်လောက်ပင် ကျွတ်လို့နေပြီ...။အသံကြားသွားလို့ထင်... ဟိုဖက်လှည့်နေရာမှ ကိုယ့်ဖက်လှည့်ကာ
"ကိုကို... ဝိုင်းချွတ်ပေးဦး ။ ဟျွန်းငယ် တင်ပါးပူလို့ ဆက်အိပ်လို့တောင်မရတော့ဘူး ဟင့်။''
အသံက အမူးမပြေသေးမှန်းသိသာသလို ပါးနှစ်ဖက်နှင့် နှာခေါင်းပါ ရဲတွတ်နေသည်။ ရီဝေဝေအကြည့်နှင့် နီးဆွေးနေသော နှုတ်ခမ်းပါးလေးအား မဲ့တဲ့တဲ့ဖြင့် ပြောနေပုံမှာ သွေးတို့ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။