အပိုင်း - ၁၂ ( U )

970 96 0
                                    

မနေ့ညက ညဈေးတွင် လျှောက်သွားခဲ့သည့် အကျိုးဆက်ကတော့ နှစ်ယောက်လုံး အိပ်ယာထ နောက်ကျခြင်းပင်။ ပုံမှန်ဆို သူက အိပ်ယာစောစောထတတ်ပြီး မနက်စာပြင်ဆင်ပြီးတာနဲ့ ကျွန်တော့ကို လာနှိုးလေ့ရှိသည်။ ဒီနေ့တော့ ၁၁နာရီကျော်မှ နိုးသောကြောင့် မနက်စာနဲ့ နေ့လည်စာ ပေါင်းစားနေရသည်။

နောက်ပြီး TV က ဘာဖြစ်တယ်မသိ.... ရုတ်တရက်ကြီး ဘာရုပ်သံလှိုင်းမှ ဖမ်းမရတော့သဖြင့် ဘာမှလုပ်စရာလဲရှိမနေ.....။ သူလုပ်ကျွေးသမျှ မုန့်များကိုသာ သူ့ဘေးနား ထိုင်စားနေရသည်။ သူကတော့ မမောတမ်း တစ်ခုပြီးတစ်ခု ချက်ပြုတ်နေလေရဲ့။

နှင်းဆီခင်းအတွက် အမိုးပြုလုပ်ရာတွင်လဲ သူတစ်ယောက်ထဲ လုပ်နေပြီး အကူညီမခံပေ။ ဘန်ဂလိုအတွင်း ထိုင်နေခိုင်းပြီး သူက ရေဆိုရေ အနမ်းဆိုအနမ်း အလိုရှိသမျှ ကမ်းပေးရသည်။ နေပူထဲ အလုပ်ရှုပ်နေသော သူအား မေးထောက်ကြည့်နေရုံသာ တတ်နိုင်သည်။

ဒီလောက် ချွေးသံတရဲရဲ ဖြစ်နေတာတောင် ကြည့်ကောင်းနေတာကတော့ လွန်လွန်းသည်။ စတွေ့တုန်းက လူကြီးဆန်သည့် ဝတ်စားပုံကြောင့်ထင်... အနည်းငယ် ရှိန်နေခဲ့​သေးသည်။ အိမ်မှာတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဝတ်စားတတ်သည်။ အခုလဲ Tshirt အပွကြီးနဲ့ ဘောင်းဘီအတိုနဲ့.... ကျွန်တော့်အဖြစ်က ကိုယ့်ယောင်္ကျား ကိုယ်ပြန်ငမ်းနေသည့်အဖြစ်ပင်။

ဒီလို အဖက်ဖက်က ပြည့်စုံသည့်ယောင်္ကျား ပိုင်ဆိုင်ထားရတာ မပျော်ဘူးလား ဟုမေးလျှင် ကျွန်တော်လဲ မဖြေတတ်။ သူပြုံးနေလျှင်တော့ ကျွန်တော်လဲ လိုက်ပြုံးတတ်သည်။ သူကတော့ မိုးလင်းကနေ မိုးချုပ်အထိ ကျွန်တော်နှင့်အတူ ရှိခွင့်ရသည်အား ပျော်သည်ဟု ပြောလေ့ရှိပြီး တကယ်လဲ ပျော်နေပုံပေါ်သည်။

"ဟူး... ပူလိုက်တာကွာ... ။"

ချွေးသုတ်ရင်း ဘန်ဂလိုနား လျှောက်လာတာ တွေ့ကတည်းက သူသောက်ရအောင် ရေခွက်ထဲ ရေဖြည့်ပြီး စောင့်နေလိုက်သည်။ ဘေးနားလာထိုင်သော သူအား ရေခွက်လှမ်းပေးရာ လက်ကောက်ဝတ်ကနေ ဆွဲယူပြီး သူ့ပေါင်ပေါ်ထိုင်စေသည်။

Love  is  fair [Completed]Where stories live. Discover now