အပိုင်း - ၁၄ ( U )

873 94 12
                                    

*ဒေါက် ဒေါက်*

"ဝင်ခဲ့ပါ''

ရှေ့နေကြီးဝင်လာသောကြောင့် လုပ်လက်စအလုပ်ကိုရပ်ကာ အနောက်မှလိုက်ဝင်လာသော အတွင်းရေးမှူးအား သောက်စရာစီစဥ်ခိုင်းလိုက်သည်။ ဆိုဖာခုံ၏ ထိပ်ဦးပိုင်းခုံတွင် ထိုင်လိုက်မှ ရှေ့နေကြီးက တစ်ဖက်ဘေးက ခုံတွင်ဝင်ထိုင်သည်။ ထို့နောက် ဖိုင်တစ်ခုကို ကိုယ့်ရှေ့က စားပွဲပေါ်တင်ကာ

"အခုလုပ်နေတဲ့ project အသစ်က ကျန်း group နဲ့ စီစဥ်ထားပေမဲ့ CEO အသစ် ကျန်းရီရှင်း ရဲ့ ကျန်းမာရေးအခြေအနေကြောင့် စီးပွားဖက်ဖြစ်တဲ့ CEO ဝမ် က ဆက်လက်တာဝန်ယူဆောင်ရွက်ပေးနေတာပါ။

သူတို့ဘက်မှာလဲ အရှုပ်အထွေးရှိနေပုံရပါတယ်။ အတွင်းလူတစ်ချို့ရဲ့ပြောစကားအရ CEO ကျန်းက လုပ်ကြံခံခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး မိသားစုပြဿနာကြောင့် အခင်းဖြစ်စဥ်ကို အဆုံးထိဆက်မလိုက်တော့ဘူးလို့ သိရပါတယ်။''

"ကောင်းတာပေါ့ ။ ဆက်လိုက်လဲ ဘာမှရှာမတွေ့မဲ့အတူ မိသားစုကိုငဲ့လိုက်တော့ မျိုးရိုးနာမည် မထိခိုက်တော့ဘူးပေါ့။''

"ကျန်း group CEO အဟောင်း ( ကျန်းရီရှင်၏ ဖခင် ) က CEO ကျန်း နေကောင်းလာတဲ့အထိစောင့်ချင်ပေမဲ့ CEO ဝမ် အကူအညီကြောင့် project စလုပ်ဖြစ်သွားတာပါ။ ဟို... CEO ဝမ် ရဲ့ သားနဲ့ စေ့စပ်ထားတယ်လို့လဲ သတင်းထွက်လိုက်ပါသေးတယ်။''

"ဘာ! စေ့စပ်တယ် .....။''

"အတိအကျတော့မရှိပါဘူး။ အခု ဝမ်သခင်လေးက နိုင်ငံခြားမှာ ကျောင်းတက်နေပြီး မသွားခင် စေ့စပ်ပွဲပြုလုပ်သွားတယ်လို့ ဆိုကြပါတယ်။ CEO ဝမ်က သူ့မိသားစုကို လူသိရှင်ကြား မိတ်မဆက်ပေးထားတော့ သတင်းသမားတွေ သတင်းလိုက်မရဖြစ်ပြီး ထင်သလောက် သတင်းမကြီးသွားတာပါ။''

"အကြောင်းအရင်းရှိလား။''

"ဟုတ်ကဲ့... လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က သူတို့မိသားစု ကိုရီးယားကိုအလုပ်ကိစ္စနဲ့လာရင်း ဝမ်ကတော်နဲ့ ဝမ်သခင်လေး ပြန်ပေးစွဲခံရဖူးပါတယ်။ အဲ့နောက်ပိုင်း CEO ဝမ်က ဘယ်သူ့ကိုမှ ပွဲမထုတ်တော့တာပါ။''

Love  is  fair [Completed]Where stories live. Discover now