TV အစီအစဉ်တွေထဲ စိတ်ရောက်နေစဉ် စတော်ဘယ်ရီသီးများ ထည့်ထားသောပန်းကန်ကို စားပွဲပေါ်သို့တင်ရင်း ဘေးနားတွင် ဝင်ထိုင်လာသည်။ ပွေ့ဖက်ထားသော ကူရှင်ကိုဖယ်ယူကာ သူ့လက်ဖဝါးကြီးထဲ ကျွန်တော့်လက်နှစ်ဖက်အား နှစ်မြုပ်စေပြီး နူးညံ့နွေးထွေးသော အပြုံးများဖြင့်
"ကိုယ်တို့အခု တရားဝင်အကြင်လင်မယား ဖြစ်သွားပြီနော်... အာ... လင်မယား ဘယ်ဟုတ်မလဲ။ ဇနီးမောင်နှံ! အဲဒါလဲမဟုတ်ဘူး။ ဘယ်လိုခေါ်ရမှာပါလိမ့်။ အကြင်ခင်ပွန်းများလား!!!!။"
" ခစ် ခစ် "
နဂိုကျယ်ဝန်းသော မျက်ဝန်းအိမ်ကြီးမှာ စဉ်းစားခန်းဖွင့်စဉ် ဝိုင်းစက်ကာ ပြူးကျယ်လာလိုက် . ပြန်လည်သုံးသပ်စဉ် ကျဉ်းကျုံ့သွားလိုက် နှင့် ချစ်ဖို့လဲကောင်းသလို ရယ်လဲရယ်ရသည်။
"အမယ်... ရယ်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ် ဟျွန်းငယ်ကို တရားဝင်ပိုင်ဆိုင်သွားပြီ။ အရင်ထဲက ပိုင်ဆိုင်ပြီးသား ဆိုပေမဲ့လို့...။"
အင်မတန် ဂုဏ်ယူဝမ်းမြောက်နေဟန်ရှိသည်။
"အင်းပါ... ဒါနဲ့လေ ဟျွန်းငယ်တို့အကြောင်းတွေ ထပ်ပြောပြပါလားဟင်။ သိချင်သေးလို့။ ပြန်မှတ်မိဖို့လဲ အထောက်အကူဖြစ်တာပေါ့။"
"ဟျွန်းငယ်ကလဲ ကိုယ်ပြောပြီးသားပဲ။ အခုချိန်မှာ အဲဒါတွေက အရေးမကြီးတော့ပါဘူးဆို။"
"ဒါပေမဲ့လဲ.... ပြောပြပါ.... ဟျွန်းငယ် နားထောင်ချင်လို့ . နော်!"
"အကုန်ပြောပြပြီးပြီလေ ကလေးရယ်။ ဘာတွေသိချင်သေးတာလဲ။"
စိတ်မရှည်တော့သည်အား အသံနားထောင်ကတည်းက သိရှိနိုင်သည်။ စိတ်ရှုပ်နေဟန်ဖြင့် ဆံပင်ကိုပါ ဆွဲဖွနေသေးသည်။ ကျန်လက်တစ်ဖက်ဖြင့် ကျွန်တော့်လက်အား ဆုပ်ကိုင်ထားသည်ကို မသိလိုက်ခင်မှာဘဲ ဆောင့်ဖယ်မိကာ သူ့အား ကျောပေးထိုင်လိုက်မိသည်။
"ကလေး... ကိုယ် ကိုယ်တောင်းပန်ပါတယ်နော်။ ကိုယ်က ကလေးမမှတ်မိတာတွေ အတွက်နဲ့ ပင်ပန်းမှာဆိုးလို့ပါ... စိတ်မကောက်ပါနဲ့ ကလေးရယ်...။"
စိတ်ပဲကောက်ရဦးမယ်....။ ကျောပေးရင်းနဲ့သူ့ကို မကျေမချမ်းလှည့်ကြည့်ကာ