တစ်ဖက် company နှင့် project အသစ်အတွက် အစည်းအဝေးခန်းထဲ နာရီအတော်ကြာ ဆွေးနွေးတိုင်ပင်ပြီးနောက်
"မောင်ရင်က ကြားရတဲ့သတင်းထက်ကို ပိုတော်နေတာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုအောင်မြင်နေတာ မထူးဆန်းတော့ပါဘူး။''
"လိုအပ်ချက်တွေရှိနေပါသေးတယ်... ချီးမွမ်းပေးတာ ကျေးဇူးတင်ပါတယ်။''
"တကယ်ပြောတာကွ ။ မောင်ရင့်လို သားမျိုးရှိလို့သာ Park Trading ကို စိတ်ချလက်ချ လွှဲပြောင်းပေးနိုင်တာပေါ့။''
"CEO Wang မှာလဲ သားရှိတယ်ကြားတယ်။''
"အင်း... ရှိတော့ရှိပါရဲ့... စီးပွားရေးကိုစိတ်မဝင်စားဘူးကွယ်။ ငယ်လဲငယ်သေးတယ်လေ... အတင်းအကြပ်လဲမလုပ်ချင်ဘူး။''
"အဟင်း...''
"ဘာပဲဖြစ်ဖြစ် ရှေ့လျှောက်မောင်ရင့်ကို အားကိုးရမှာပဲ။''
"ဟုတ်ကဲ့ပါ... အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။''
"အေးကွယ်... ဒါဆို အန်ကယ်သွားလိုက်ဦးမယ်။ အဆင်ပြေရင် အန်ကယ်မပြန်ခင် နေ့လည်စာဖြစ်ဖြစ်စားကြတာပေါ့။''
"ဟုတ်ကဲ့ ခင်ဗျ။''
CEO Wang ထွက်သွားမှ ကိုယ့်အခန်းထဲ ကိုယ်ပြန်လာကာ ဟျွန်းငယ်ဆီ ဖုန်းဆက်လိုက်သည်။
"ဟယ်လို ကိုကို။''
ဖုန်းကချက်ချင်းဝင်သွားသည့်အပြင် ကြားလိုက်ရသည့် စကားလေးကြောင့် ရင်ထဲပန်းတွေပွင့်သွားသည့်နှယ်။
"အဟက် ကိုယ်မှန်းဘယ်လိုသိ။''
"ဒီဖုန်းကိုဆက်တာ ကိုကိုပဲရှိတဲ့ဟာ။''
ဟုတ်သား...
"ဟျွန်းငယ်ကိုခေါ်ဖို့ ကိုယ် အိမ်ကိုကားလွှတ်ထားတယ်။ ရောက်တောင်ရောက်တော့မလားမသိဘူး။''
"ဟင်! ဟျွန်းငယ်ကိုလား...။''
"အင်းလေ... ကိုယ်လာခေါ်မလို့ဘဲ ရုတ်တရက်ကြီး အစည်းအဝေးလုပ်ရလို့ ရှေ့နေကြီးကိုပဲလွှတ်လိုက်ရတာ။ ကိုယ်စောင့်နေမယ် ဂရုစိုက်ပြီးလာခဲ့နော်။''
"ဟုတ်''
နေ့လည်စာ စားပြီးတာနှင့် တစ်ခါတည်းအိမ်ပြန်ကာ ဟျွန်းငယ်နှင့်အတူပြန်ထွက်မည်ဟု စဥ်းစားထားသော်လည်း... မန်နေဂျာကိုလွှဲထားသောကိစ္စမှာ တစ်ဖက် company မှ တရုတ်နိုင်ငံက တကူးတက လာရသည့် CEO Wang ပါရောက်ချလာသောကြောင့် ကိုယ်ပါ အစည်းအဝေးခန်းထဲ လိုက်ဝင်ရတော့သည်။