Behind The Scenes - Three ( U+Z )

327 36 0
                                    

THREE ~ START ( uni )
""""""""""""""""""""""""""""

ဒီနေ့တော့ ပုံမှန်လည်ပတ်သည့်နေရာများထက် ထူးခြားစွာ ကိုရီးယား university တစ်ခုသို့ သွားရောက်ရမည်ဖြစ်၍ အထက်တန်းကျောင်းသားအနေနှင့် အင်မတန်မှ စိတ်လှုပ်ရှားမိသည်။

အစ်ကိုဂျွန်မြောင်မှ သူ၏ညီဝမ်းကွဲ ဘွဲ့ယူမည်အား သွားရောက်ဂုဏ်ပြုရမည်ဖြစ်၍ ကျွန်တော်တို့ကို အချိန်မပေးနိုင်ခြင်းအပေါ် အားနာနေခဲ့ပြီး ကျွန်တော်မှ လိုက်ပါခွင့်တောင်းခံသော် ချက်ချင်းပင် ခွင့်ပြုပေးခဲ့သည်။

မနက်စောစောထရမည်ဆိုပါက ဘာနေနေငြင်းဆန်တတ်သည့် ရိပေါ်ကတော့ ထုံးစံအတိုင်း hotel မှာပဲ အိပ်ပြီးနေခဲ့လေ၏။

တက္ကသိုလ်ဝန်းအတွင်း ရောက်နေပြီဖြစ်ရာ ကားပေါ်ကနေ အပြင်ဘက်သို့ လိုက်ကြည့်နေသည့် ကျွန်တော့်အား ရီရှင်း​ကောမှ သတိပေးလာသည်။

"အကြာကြီးမရဘူးနော် အွန်းလေး...
ကိုယ် appointment ရှိသေးတယ်။''

ကြီးမားပြီးနွေးထွေးသည့် လက်တစ်ဖက်ဟာ ကျွန်တော့်လက်ဖဝါးထဲ ဖြည်းဖြည်းချင်း တိုးဝင်လာသဖြင့် လှည့်ကြည့်သော် ကားမောင်းရင်း မိမိအဖြေအား စောင့်မျှော်နားစွင့်နေသည့် ရီရှင်းကော။

တစ်ချက်တစ်ချက် လှည့်ကြည့်နေပြီး ကျွန်တော့်စိတ်အထင် ကျွန်တော်ဂျစ်တိုက်ပြီး မသွားခိုင်းမှာ စိုးရိမ်နေပုံရသည်။ တမင် ဂျစ်တစ်တစ်မျက်နှာပေးနှင့် ကြည့်လိုက်ပြီး နောက်မှသာ သနားလာ၍ အရယ်တစ်ဝက်ဖြင့် ပြန်ဖြေလိုက်သည်။

"အင်းပါ... အွန်းလေးလည်း လိုက်မှာနော်။''

ထိုမှသာ စိတ်အေးသွားဟန် သက်ပြင်းခိုးချနေသဖြင့် ကျွန်တော့်မယ် ကြိတ်ရယ်မိသေးသည်။ သူ အဲ့လိုတွေလုပ်နေ၍ ကျွန်တော်လည်း အကျင့်ပုတ်ကာ နိုင်စားမိနေခြင်းပင်။ သို့သော်ငြား ကျွန်တော်နိုင်စားမိနေသည်မှာ ရီရှင်းကော တစ်ယောက်တည်းသာဖြစ်ပြီး သူလည်းသိသည်။

"ဒါဆို ငါသွားပြီ ရီရှင်း... အွန်းလေးရော။''

ချိန်းဆိုထားသူများကို တွေ့သည်နှင့် အစ်ကိုဂျွန်မြောင်က နှုတ်ဆက်ကာ ထွက်သွားတော့သည်။ ကျွန်တော်တို့ကို စောင့်ရသဖြင့် နောက်ကျနေသောကြောင့် အားလည်းနာမိသည်။ နောက်ကျရသည့် အကြောင်းအရင်းမှာ ရှေ့တည့်တည့်မှ အစ်ကိုဂျွန်မြောင်၏ကားအား မျက်ခြေပြတ်သွား၍ လမ်းမှာသောင်တင်နေသောကြောင့်ဖြစ်သည်။

Love  is  fair [Completed]Where stories live. Discover now