အပိုင်း - ၂၃ ( Z )

504 53 7
                                    

သွားကြားထဲမှ ဒေါသထွက်နေသည့် လေသံနှင့်အတူ နားမလည်နိုင်သည့်အကြည့်တို့ဖြင့် စူးရဲစွာကြည့်နေပါသော ထိုကောင်လေး...

"မင်း... မင်းဘယ်လိုဖြစ်လို့ ဒီအထိရောက်လာတာလဲ။ ငါ့ကို တမင် လိုက်နှောက်ယှက်နေတာလား။''

ဘာမှမပြောဘဲ မျက်မှောင်ကျုံ့ထားလျှက် ခါးထောက်၍သာကြည့်နေသည်။ ကြည့်နေသည့်ပုံစံမှာ စိတ်ပျက်နေသည်လား... စိတ်ကုန်နေသည်လား... မသဲကွဲ။

"ငါ... ငါ ဒီမှာနေမှန်းဘယ်လိုသိလဲ။ ဟိုတစ်နေ့က မင်း ငါ့ကို မျက်ခြေပြတ်သွားတယ် မဟုတ်ဘူးလား။''

နှုတ်ဆိတ်လျှက် ကျွန်တော့်အနောက်ဘက်သို့ လှမ်းပြီးမေးငေါ့ပြသည်။ ညွှန်ပြသည့်နေရာအား လှည့်ကြည့်တော့ မနက်က ရှေ့နေကြီးစီးလာသည့်ကားပင်။

နားမလည်စွာ သူ့အားပြန်လှည့်ကြည့်တော့ သူ့နားထင်ပေါ် လက်ညှိုးဖြင့် နှစ်ချက်မျှ ထောက်ပြသည်။ ဘာလဲ... ဘာသဘောလဲ။

"Use your brain bro... မဟုတ်မှ... အဲ့နေ့က မင်းကိုယ်မင်း ခြေရာအဖျောက်ကျွမ်းလွန်းလို့ ငါမျက်ခြေပြတ်သွားတယ်လို့များ ထင်မှတ်သွားတာလား။ ထားပါ... အဲဒါတွေ။ ဒါနဲ့ မင်းလက်မှာ ဝတ်ထားတဲ့ လက်စွပ်က ဘာအတွက်ကြောင့်များပါလိမ့်။ ချီးစကားတွေတော့ လာမပြောနဲ့နော်။''

ဘာ ဘာလဲ ချီးစကားဆိုတာ... ဒီကောင် ဘယ်လိုတောင် မိုက်ရိုင်းရတာလဲ။

"လက်ထပ်လက်စွပ်''

လက်သန်းကြွယ်မှ လက်စွပ်လေးအား လက်မဖြင့် အသာအယာပွတ်သပ်ရင်း ပြောတော့

"ဘာ!!!!!!!!"

နှစ်ယောက်ကြားထဲ ခြံတံခါးမကြီး ခံနေ၍သာ တော်သေးသည်။ အခုတောင် သံတိုင်ကို တဝုန်းဝုန်းဖြင့် ဆွဲဆောင့်ကိုင်လှုပ်နေသည်မှာ မသိပါက လှောင်အိမ်ထဲက ခြင်္သေ့ပေါက်လို လွတ်တာနှင့် ပြေးကိုက်တော့မည့်အတိုင်း။

"ဝမ်အွန်း မင်း... မင်းရူးနေပြီလား။''

"..........''

"မင်းက အကုန်လုံးကိုကျောခိုင်းပြီး ဒီမှာ ဘဝအသစ် စနေတယ်ပေါ့။ တကယ်မေ့နေတာလား.. မေ့ပစ်ထားတာလား ဟင်! ဝမ်အွန်း။ မင်း ပါပါးနဲ့မာမားရဲ့ စိတ်ရင်းအမှန်ကို နားမလည်သေးဘူးလား။ အိမ်ကနေ နေ့တိုင်း မင်းအသက်ရှင်နေပါစေဆိုပြီး ဆုတောင်းနေတဲ့ မာမား... နောက်ဆုံးကွာ အိပ်ရာထဲလဲနေတဲ့ မင်းနဲ့ ...။''

Love  is  fair [Completed]Where stories live. Discover now