အပိုင်း - ၂၄ ( U )

652 77 3
                                    

ကိုကို အလုပ်ပြန်ဆင်းသည်မှာ တစ်ပါတ်ကျော် နှစ်ပါတ်နီးပါးရှိနေပြီဖြစ်သည်။ ထိုနည်းတူစွာ ဝမ်ရိပေါ်ဆိုသောကောင်လေး ကျွန်တော့်ရှေ့သို့ တစ်နည်းမဟုတ် တစ်နည်းဖြင့် ရောက်ရောက်လာတတ်သည်မှာလဲ မကြာခဏပင်။

ဒေါ်ကြီးနှင့်ဦးလေးတို့မှတစ်ဆင့် ကိုကိုသိသွားပြီး စိတ်အနှောက်အယှက်ဖြစ်မည်ဆိုး၍ အခုရက်ပိုင်း ခြံထဲတောင်မဆင်းဖြစ်တော့။

သို့ပေမဲ့ ဦးလေးအလစ်တွင် ခြံအပြင်မှ ခဲနှင့်လှမ်းပစ်သောကြောင့် ဘန်ဂလိုမှန်တံခါးကွဲသွားရသည်။ သူ့လက်ချက်ပဲဖြစ်ရမည်။ အရင်ရက်တွေကထဲက စက်ဘီးတစ်စီးဖြင့် ဝေ့လည်ကြောင်ပတ် လုပ်နေသည်လေ။

အသံကြား၍ထွက်ကြည့်မိတော့ ဦးလေးမှာ မှန်ကွဲစများအား သန့်ရှင်းရေးလုပ်နေသောကြောင့် ဒေါ်ကြီးနှင့်ကျွန်တော်ပါ ဝိုင်းကူဖြစ်သည်။ လွင့်စင်သွားသည့် မှန်ကွဲစများ လိုက်ရှာရင်း ဘန်ဂလိုဘေးတွင် ထားရှိသည့် အလှပန်းအိုးများကြား ခဲနှင့်တွဲချည်ထားသည့် အဝတ်ပိုင်းစလေးကို တွေ့လိုက်ရသည်။

အလုပ်ရှုပ်နေသည့် ဒေါ်ကြီးတို့မမြင်ခင် ထိုအဝတ်ပိုင်းစလေးအား အမြန်ကောက်သိမ်းလိုက်ပြီး အိမ်ထဲသို့ တစ်ချိုးထဲ ထွက်လာခဲ့သည်။

အပေါ်ထပ်အခန်းထဲရောက်မှ လေပူများထုတ်လွှတ်ကာ ထိုအဝတ်ပိုင်းစလေးအား ထုတ်ကြည့်လိုက်သည်။ သေချာချည်နှောင်ထားသောကြောင့် အထဲမှ ပစ္စည်းလေးမှာ အထိအခိုက်မရှိ ခေါက်လျှက်သားလေးပင်။

စာရွက်ဟုထင်သားသော်လည်း ဓာတ်ပုံလေး​နှစ်ပုံ ဖြစ်နေသောကြောင့် ပိုစိတ်ဝင်စားသွားရသည်။ ပထမပုံမှာ မိသားစုဓာတ်ပုံဖြစ်ပြီး ဒုတိယပုံမှာလဲ ထိုကဲ့သို့ဖြစ်သည်။ မတူသည်က အသက်အရွယ်ကွာခြားမှုပင်။

ပထမပုံတွင် ငယ်ရွယ်နုပျိုသည့် မိဘနှစ်ပါးနှင့်အတူ ရုပ်ချင်းမဆင်ပေမဲ့ အင်္ကျီ ဆင်တူဝတ်ထားသည့် ရွယ်တူယောင်္ကျားလေး ကလေးနှစ်ယောက်။

ဒုတိယပုံတွင်တော့ အနည်းငယ်ပြောင်းလဲလာသည့် မိဘနှစ်ပါးနှင့်အတူ သိသိသာသာ အရွယ်ရောက်လာကြသည့် ကလေးနှစ်ယောက်။

Love  is  fair [Completed]Where stories live. Discover now