ခန်းနားသော စားသောက်ဆိုင်ကြီး၏ VIP အခန်းအတွင်း ညစာစားအပြီး စကားလက်ဆုံကျနေသော ဖခင်နှစ်ဦး... သားနှင့်သမီးအား မျက်နှာရိပ် မျက်နှာကဲခက်နေသော မိခင်နှစ်ဦး တို့ ရှိ၏။ ဖခင်တို့မှလွဲ၍ နေရခက်သော လေထုအားဖြိုခွင်းလိုက်သည်မှာ
"အဖေ . သမီးတို့ ကော်ဖီဆိုင်ထိုင်ဦးမှာမို့ အရင်သွားနှင့်မယ်နော်။ ရတယ်မလား။"
ဖေဖေ့မိတ်ဆွေ၏သမီး တစ်နည်း မိမိနှင့် လူကြီးချင်းသဘောတူထားသည့် သူမ ချွဲမင်ယောင်း...
"အေး ဟုတ်သား။ ငါတို့စကားကောင်းနေတာနဲ့ ကလေးတွေ ပျင်းနေပြီထင်ပါ့။ သွားကြ သွားကြ။"
လူကြီးတွေအား အရိုသေပြုနှုတ်ဆက်ကာ သူမဦးဆောင်သည့် နီးစပ်ရာ ကော်ဖီဆိုင်သို့ထွက်လာခဲ့သည်။
"ကျွန်မအခုပြောမယ့်စကားကို အထင်တော့မလွဲစေချင်ဘူးရှင့်။ ပတ်ချန်းယောလ် ဘယ်လောက်ထိပြည့်စုံတဲ့သူ ဆိုတာ အဖေတို့ မိတ်မဆက်ပေးခင်ကတည်းက သတင်းကြားဖူးပြီးသားပါ။"
ကျောင်းပြီးလို့ ဖေဖေ့ Company မှာ အလုပ်သင်ကာလပြီးတာနဲ့ လက်ထပ်ရမည်မှာ ယနေ့ညစာစားပွဲမှ သိလိုက်ရသော သတင်းပင်...။
ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်အေးချမ်းသော အလှနှင့် မျိုးရိုးကြီးမှဖြစ်သော သူမသည် ယောင်္ကျားလေးတို့အတွက် ငြင်းဖွယ်ရာမရှိ။
ကိုယ့်မှာလဲ ရည်ရွယ်ထားသူမဆိုနှင့် ချစ်သူရည်းစားပင် မထားဖူးပေ။ ဖေဖေ့စည်းမျဉ်းအတိုင်း လိုက်နာရသောအခါဝယ် မိန်းကလေးများအား စိတ်ဝင်စားဖို့အချိန်ပင် မပေးနိုင်။ ကျောင်းနှင့် Company ကြား မနည်းအသက်လုရှူနေရသည်။
"ပတ်ချန်းယောလ်က ဒီနှစ်ဘွဲ့ရတော့မှာဆိုပေမယ့် ကျွန်မကျောင်းပြီးဖို့က လိုသေးတယ်လေ။ နောက်ပြီး အလုပ်သင်နှစ်တွေလဲ ရှိသေးတယ်ဆိုတော့.....။"
စကားကိုရပ်ကာ ကော်ဖီတစ်ငုံသောက်ပြီး
"လတ်တလော ကို အဖေတို့သဘောကျ နေကြတာပေါ့ရှင်။ အမှန်တိုင်းပြောရရင် ကျွန်မမှာချစ်ရတဲ့သူရှိပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် အဖြေမပေးရသေးပေမယ့် သူနဲ့ပဲ ချစ်သူတွေဖြစ်ပြီး သူနဲ့ပဲ လက်ထပ်ချင်ပါတယ်။ ဒီလိုပြောတာ ပတ်ချန်းယောလ်ကို စော်ကားသလိုဖြစ်နေရင် စိတ်အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်။"