ကားလမ်းတလျှောက် မြူတွေက အုပ်ဆိုင်းလာတယ်
မြေပြန့်ကို ကျော်လွန်ပြီး တောင်တန်းဆီကို တိုးဝင်လာတာနဲ့အမျှ မြူတွေက ပိုပိုပြီး အုပ်ဆိုင်းလာတယ်
မိုးစက်တွေကပါ အားဖြည့်ပြီး ကျလာပြန်တယ်လေ
အနွေးထည်ဝတ်ထားတဲ့ကြားက ခန္ဓာကိုယ်ကနေ
အနွေးဓာတ်လျော့ကျမသွားစေဖို့ လက်ကိုပါ ပိုက်ထွေးထားမိတယ်
ကားပြတင်းတံခါးကိုတော့ ပိတ်မပစ်ခဲ့ပါဘူး
ခရီးသွားရင် ကားပြတင်းဖွင့်ပြီး ပတ်ဝန်းကျင်ငေးကြည့်ရတာကို ပိုသဘောကျတာကြောင့်
ခြောက်ထပ်ကွေ့ကို ကျော်လွန်လာပြီးတဲ့နောက် ဒုဌဝတီမြစ်က ဟိုးအဝေးဆီမှာ ကျန်နေခဲ့ပြီ
အရင်ကတော့ ကားလမ်းက သိပ်ကျဉ်းတယ်
ဒီမိုကရေစီအစိုးရလက်ထက်မှာ တောင်ပေါ်လမ်းတွေဆိုတာ မယုံနိုင်လောက်အောင် ကောင်းမွန်ကျယ်ပြန့်လာတယ်
တချို့နေရာတွေဆို တောင်နံရံတွေဖြိုချပြီး ဖောက်ထားတာမှဟုတ်ရဲ့လား သံသယဝင်မိတဲ့အထိ
ဟိုးအရင် ညသန်းခေါင်လောက်မှာ ဆိုင်ကယ်နဲ့တက်ခဲ့ကြတုန်းက ဒီလမ်းတွေကို ကြောက်လန့်ခဲ့ဖူးတယ်
တောင်အကွေ့လမ်းတွေဆိုတာထက် မမြင်ရတဲ့အရာတွေကို ကြောက်တဲ့စိတ်တခုပါ
ဒါပေမယ့် ပျော်ဖို့ကောင်းခဲ့ပါတယ်
နှင်းမှုန်တွေကြား နီယွန်မီးရောင်တွေအောက်မှာ
ဆိုင်ကယ်စီးရတဲ့ခံစားမှုက တကယ်မိုက်တာကျမတို့စီးလာတဲ့ကားလေးက ဟိုတယ်ရှေ့ကို ရပ်လိုက်တယ်
"ညီမတို့က tour နဲ့ ခရီးသွားမယ့်အဖွဲ့လား"
ဧည့်ကြိုကောင်တာမှာရှိတဲ့ အမတယောက်က
နှုတ်ဆက်ရင်းမေးတယ်"ဟုတ်ကဲ့ တိမ်ပင်လယ်သွားဖို့ ပြောထားတဲ့အဖွဲ့ပါ"
"ပစ္စည်းတွေကို ဒီမှာချထားလို့ စိတ်ချရပါတယ်
အချိန်လည်းရသေးတာဆိုတော့ အပြင်သွားလည်ချင်ကြသေးလား"
"ဟုတ် သွားလည်ဦးမှာပါ"
"ဒါဆို 3 နာရီခွဲလောက်အရောက်ပြန်လာခဲ့ပါ"
"ဟုတ်ကဲ့"ကျမတို့ပစ္စည်းတွေချပြီး အပြင်သွားဖို့ ပြင်ဆင်နေတုန်းမှာ နောက်ထပ်အဖွဲ့တဖွဲ့ရောက်လာတယ်
မိနကလေးတွေချည်းပဲ 4 ယောက်
ကျမတို့ကလည်း မိန်းကလေး 3 ယောက်
အတူသွားမယ့်အဖွဲ့ထင်ပါရဲ့
ထိုအဖွဲ့ထဲက မိန်းကလေးတယောက်က ကျမတို့ဘက်ကို လှည့်လာတယ်
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions