"မမအတွက် အချစ်ဆိုတာ ဘယ်လိုမျိုးလဲ"
"အချစ်က ပေးဆပ်ခြင်းလား
တကယ်တော့ မမ လူတယောက်ကို မချစ်တတ်ဘူး
မမအတွက် အကောင်းဆုံးလို့ထင်တဲ့အရာတွေကို
သူ့အတွက်ပေးဆပ်ချင်တယ်
သူလိုအပ်ချိန်တိုင်း ဖြည့်စည်းခွင့်ရချင်တယ်
တကယ်လို့ ပေးတဲ့အချစ်နဲ့ထပ်တူပြန်မရခဲ့ရင်တောင် မမချစ်တဲ့သူကို ဆက်ပြီး ချစ်နေမိမယ်ထင်တယ်
အဲ့လိုမျိုး"
"ဒါဆို မမ လူတယောက်ကို ချစ်ခဲ့ဖူးလား"
"ချစ်ခဲ့ဖူးမှာပေါ့ ဒီအရွယ်ထိရောက်နေခဲ့ပြီပဲ
ဒါပေမယ့် အချစ်ကိုထုတ်ပြတိုင်းမှာ နာကျင်ခြင်းပဲ
ရခဲ့တော့ မမအဲ့ဒီအချစ်ကို စွန့်လွှတ်ထားတာ
ကြာခဲ့ပါပြီ"
"မမရဲ့နှလုံးသားတံခါးကို အသေပိတ်ထားတာလား"
"တယောက်ယောက်ကများ တံခါးလာခေါက်ခဲ့ရင်
ဖွင့်ပေးမိမလား မပြောတတ်ဘူးလေ"
"အဲ့ဒီလူက ဘယ်လိုလူပဲဖြစ်ဖြစ်လား"
"တခုတော့ ရှိတယ် မမက straight မဟုတ်ဘူးလေ
အဲ့တာကြောင့် ကန့်သတ်ချက်တော့ ရှိတာပေါ့"
"တကယ်လို့ အဲ့ဒီလူနဲ့ အမျိုးတော်နေမယ်ဆိုရင်ရော"
"ဘယ်လိုမျိုးလဲ ကလေး"
"ဟိုလေ ညီမဖြစ်နေတာမျိုး"
"ညီမလား"
"ဟို..ဖြစ်နိုင်တာကို ပြောတာပါ"ကလေးက သိသာနေတယ်မဟုတ်ဘူးလား
ကျမကို ငေးစိုက်ကြည့်နေပြီး သူမရဲ့မျက်ဝန်းတွေက
တလက်လက်တောက်ပနေကြတယ်
ချစ်ခြင်းရဲ့အငွေ့အသက်တွေလို့ ဆိုရမလား
ကလေးနဲ့ကျမက ညီအမတော်ပါတယ်
သွေးတော့မနီးခဲ့ပါဘူးအားလပ်ရက်မှာ ကလေးက ကျမရဲ့အိမ်ကို ရောက်နေခဲ့တာ
တကယ်တော့ ဒေါ်လေးတို့က ခရီးသွားဖို့ရှိတာနဲ့
ကလေးကို အဖော်ပြုပေးဖို့ တောင်းဆိုတာကြောင့်
အိမ်တခုလုံးမှာ ကျမတို့နှစ်ယောက်တည်း
ကျမစိတ်မှာ တခြားအတွေးတွေတော့ မရှိခဲ့ပါဘူး
ဒါပေမယ့် ကလေးငယ်ကို စနောက်ချင်လာတာနဲ့"မမ အမှန်တရားတခုကို ပြောပြရမလား"
ကျမ သူမမျက်ဝန်းတွေကို စိုက်ကြည့်ပြီး
အကွာအဝေးကို နီးကပ်လိုက်တယ်
ကျမတို့နှစ်ယောက်က ထိုင်ခုံတခုတည်းမှာ
ထိုင်နေကြတာကြောင့် သူမဘက်ကို လှည့်လိုက်ရုံနဲ့ အကွာအဝေးက နီးကပ်နေပါပြီ
ဒါပေမယ့် ပိုပြီးနီးကပ်သွားအောင် ထိုင်ခုံပေါ် လက်တဖက်ထောက်ကာ သူမအပေါ် အုပ်မိုးပြီး
မေးလိုက်တာပါ
ကလေးကို ကြည့်ရတာ တစုံတရာအတွက် ထိတ်လန့်သွားသလို
ဒါပေမယ့်လည်း မျှော်လင့်ခြင်းတွေအပြည့်နဲ့
မျက်ဝန်းတွေ
KAMU SEDANG MEMBACA
🍀soul mate🍀
Romansa🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions