🍂It is not our end 🍂

503 30 4
                                    

"ကိုယ်တို့ လမ်းခွဲရအောင်"

*တကယ်တော့ လမ်းခွဲကြမယ်ဆိုတဲ့စကားက
ပြတ်စဲဖို့အတွက်သာမဟုတ်ပဲ ချစ်ခြင်းကိုစမ်းသပ်တဲ့
အချစ်တွေထပ်တိုးဖို့ အစပြုတဲ့စကားတခုလည်း
ဖြစ်နေတတ်ပါတယ်

အချိန်အတော်ကြာ အကြောင်းအရာတခုမှာ ကိုယ့်ကိုယ်ကိုပိတ်လှောင်ထားခဲ့ရပြီး ပထမဆုံးအပြင်မှာ ဆုံတွေ့ကြချိန် သူမစပြောလာတဲ့စကားက လမ်းခွဲဖို့တဲ့လား

"ဘာလို့လဲ ning ဘာအမှားတွေလုပ်ခဲ့မိလို့လဲ
ning ကို ချစ်နေဆဲပဲမဟုတ်လား ဘာကြောင့်လဲ
yang..."

yang က ဝမ်းနည်းမှုတွေကို ဖုံးကွယ်ထားပေမယ့်
သူ့မျက်ဝန်းကို ကြည့်လိုက်ရုံနဲ့ သူ့ရင်ထဲမှာရှိသမျှ
အကုန်မြင်နေတတ်ခဲ့တာလေ
ကျမတို့ကြားမှာရှိတဲ့ သံယောဇဉ်ကြိုးက အဲ့လောက်ထိကြီးမားနေခဲ့တာ‌
စကားလုံးတွေမလိုအောင် ကျမတို့တယောက်နဲ့တယောက် နားလည်နေကြတဲ့ပတ်သက်မှုမျိုးလေ
ဒါကို ဘာကြောင့်များလမ်းခွဲချင်ရတာလဲ

"ကိုယ် ning နဲ့အတူ ကိုယ်တို့ရဲ့အိပ်မက်နောက်ကို မလိုက်နိုင်တော့ဘူး ပြီးတော့ ning အတွက် အဟန့်အတားတခုလည်း မဖြစ်ချင်ဘူး နောက်ပိုင်းဆို ning မှာ အချိန်တွေ ပိုနေမှာ မဟုတ်တော့ဘူးလေ ကိုယ့်အတွက်ပါ ‌‌စဉ်းစားနေရရင် ning တအားပင်ပန်းမှာပေါ့"

yang က ကျမလက်ကို ဆုပ်ကိုင်ပြီး အရင်လိုနူးညံ့စွာ ပြောလာတယ်
စကားသံတွေက နူးညံ့ပေမယ့် စကားလုံးတွေရဲ့ရိုက်ခတ်မှုကတော့ သိပ်ပြင်းလွန်းတယ်
ကျမ ဘယ်လိုအင်အားနဲ့ နားထောင်နိုင်မှာလဲ
သူမက ကျမရဲ့အရာရာပါ

"ဘာလို့ အဲ့လိုတွေးရတာလဲ yang
ning တို့ရဲ့အိပ်မက်နောက်ကို နှစ်ယောက်အတူ
မလိုက်နိုင်တာတောင် ning မှာ ဘယ်လောက်နာကျင်ခဲ့ရလဲ အနည်းဆုံးတော့ yang က ဘေးမှာရှိမယ် ထင်ထားခဲ့တာ ning မှာ အချိန်တွေမပိုတော့ရင်တောင် ရှိတဲ့အချိန်ခဏမှာ yang နဲ့အတူ ကုန်ဆုံးချင်မယ်လို့ ဘာကြောင့်မထင်ရတာလဲ
ning ရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို yang နဲ့ပဲ အစပြုချင်တာ yang အတွက် စဉ်းစားပေးစရာမလိုဘူးလေ ဘာကြောင့်လဲဆိုရင် ning ရဲ့အတွေးတွေက yang လေ ning ရဲ့မျှော်လင့်ချက်ကလည်း yang ပဲလေ"

🍀soul mate🍀Donde viven las historias. Descúbrelo ahora